Synopsis

6.8K 403 32
                                    

Unicode

Title : I Got Caught After Flirting with the Wrong Person | 撩错人之后我被吃定了

Author : 伊川川

Total Chapters : 144

Genre : Yaoi, School Life, Modern

• • •

ဖေးပိုင်မှာ ဦးထုပ်စိမ်းဆောင်းခံနေရပြီဖြစ်ကြောင်း ချစ်သူကောင်လေး၏အကောင့်တုမှတစ်ဆင့် သိရှိလိုက်ရ၏။ လမ်းခွဲပြီးနောက်မကြာမီ ကျောင်းဝင်းထဲရှိ ကော်ဖီဆိုင်၌​ တတိယလူကို တွေ့လိုက်ရသည်။

ထိုစီနီယာအစ်ကိုမှာ ချောမောကြည့်ကောင်းပြီး အရပ်ရှည်သည်။ သို့သော် သူ့ပုံကို ကြည့်ရသည်မှာ.... '0' (သုည) တော့မဟုတ်လောက်။

ရည်စားဟောင်းမှာ သူ့နောက်ကွယ်၌ အချစ်အတွက် အနစ်နာခံ၍ သုညလုပ်နေကြောင်း တွေးမိလိုက်သည့်အခါ ဒေါသထွက်လာရ၏။ သူကိုယ်တိုင် ထိုစီနီယာအစ်ကိုအား ဖြားယောင်းရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုမှသာ ရည်းစားဟောင်းလည်း ဝဋ်လည်ကာ ဦးထုပ်စိမ်းဆောင်းခံရသည့် အဖြစ်ကို ကိုယ်တွေ့ခံစားဖူးပေလိမ့်မည်။

လောက၌ ကြိုးစားပါက မဖြစ်နိုင်သည့်အရာဟူ၍ မရှိ။ အဆုံးတွင်တော့ ဖေးပိုင်လည်း တတိယလူကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ။ ထိုစီနီယာအစ်ကိုနှင့် ကျောင်းဝင်းထဲ ဘေးချင်းယှဥ် လမ်းလျှောက်နေရင်း ရည်းစားဟောင်းနှင့် တည့်တည့်တိုး၏။

လက်စားချေရန် အချိန်ကျပြီဟု ကျေနပ်အားရစွာ တွေးလိုက်ပြီးနောက်မှ ခဏအကြာတွင် ဖေးပိုင် လူမှား၍ ပရောပရည်လုပ်မိပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ နံဘေးရှိ စီနီယာက နဂိုထင်ထားခဲ့သော တတိယလူမဟုတ်ဘဲ ရည်းစားဟောင်း​၏အဖေ အလုပ်လုပ်သောကုမ္ပဏီ၏ ဥက္ကဌဖြစ်နေသည်တဲ့လေ!

ဖေးပိုင်မှာ မူလက တောင်းပန်၍ ရှောင်ဖယ်ရှောင်ဖယ်နေတော့မည်ဟု ကြံစည်ထားသော်လည်း နောက်တစ်နေ့တွင် ထိုလူက အိမ်ရှေ့၌ ပိတ်ရပ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့။

စီနီယာအစ်ကိုဟု ဖေးပိုင် ခေါ်ခေါ်နေသည့် ထိုလူက ဖေးပိုင်အား နံရံ၌ ဖိထားလိုက်ပြီး အသံတိုးတိုးဖြင့် ကပ်ပြောလိုက်၏။

ငါ လူမှားဖလစ်မိပြီ (Translation)Where stories live. Discover now