6 || တစ်ဆင့်ပြီးတစ်ဆင့်

1.1K 219 11
                                    

UNICODE

အပိုင်း ()
တစ်ဆင့်ပြီးတစ်ဆင့်

လော့ယွီစန်းမှာ လှေကားဆီ လျှောက်နေရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာ တုပ်တုပ်မျှမလှုပ်သေးသည့် ဖေးပိုင်အား တွေ့လေသည်။

"ဘာလို့လဲ? ဗိုက်မဆာသေးဘူးလား?"

ဖေးပိုင်မှာ တစ်ဖက်လူက သူ့အား နေ့လယ်စာအတူစားရန် ဖိတ်ခေါ်နေကြောင်း သဘောပေါက်သွားသည့်အတွက် အမြန်လိုက်သွား၏။

"ဗိုက်ဆာတာပေါ့.. ဆာလွန်းလို့ လှုပ်ရှားမှုတွေတောင် နှေးသွားတာ"

ထမင်းစားစားပွဲ၌ လော့ယွီစန်းနှင့် ဖေးပိုင်တို့ နှစ်ဦးသာ ရှိလေသည်။ အစကနဦး၌ ဖေးပိုင်သည် လော့ဖေးဖေးနှင့် လော့ယွီစန်း၏မိဘအကြောင်းကို မေးရန် စဥ်းစားထား၏။ သို့သော် လော့ယွီစန်းဟာ ဖေးဖေးအတွက် သူ့လက်သူ့ခြေနှင့်သာ အကုန်လုပ်ပေးသည်လေ။ ဖြစ်နိုင်သည်မှာ ထိုမောင်နှမနှစ်ဦး၏ မိဘများက ထိုအကြောင်းကို မသိ၍လော။

ကျိကျိတက်ချမ်းသာသည့် လူအများစုက တရားဝင်သော၊ မဝင်သော လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေကြသည်ဖြစ်၍ အာမချောင်ဖို့ရန်သာ ဖေးပိုင် ဆုံးဖြတ်လိုက်တော့သည်။

ဖေးပိုင်က အိမ်ခန်းကို တစ်ချက်လှည့်ကြည့်ပြီးနောက် နာမည်ကြီးမင်းသားများအား ယှဥ်နိုင်လောက်သည့် လော့ယွီစန်း၏မျက်နှာအား တစ်ဖန် ထပ်ကြည့်သည်။ ထိုလူဟာ ဦးနှောက်ခွေးစားခံလိုက်ရ၍ ရှီးကဲ့ယန်လိုလူမျိုးကို တွဲနေရခြင်းလောဟု အတွေးပွားမိပြန်၏။

ထို့နောက် ဖေးပိုင်မှာ အနှီလူအား အတော်ကြာ ငေးကြည့်နေမိကြောင်း ရုတ်တရက် နားလည်မိသွားသည်။ မျက်နှာချင်းဆိုင်ရှိ ထိုလူ၏အာရုံကိုလည်း ဖမ်းစားမိခဲ့ပုံ ပေါ်၏။ အကြောင်းမှာ လော့ယွီစန်းသည် ဇွန်း၊ ခက်ရင်းများကို စားပွဲထက် ချ၍ မေးထောက်လျက် သူ့အား စိမ်ပြေနပြေကြည့်နေသောကြောင့်။

ဖေးပိုင်လည်း ချွေးစီးပြန်နေရင်း ချောင်းဟန့်ကာ စကားစပြောလိုက်သည်။

"မနေ့က ဖြစ်ခဲ့တဲ့အကြောင်းကို မဆွေးနွေးသေးဘူးလားဟင်?"

ဖေးပိုင်အား ညစာအတူစားရန် ခေါ်စဥ် လော့ယွီစန်းက ထိုစကားကို အဖြစ်သဘောနှင့်သာ ပြောလိုက်ခြင်းဖြစ်၏။ သို့သော် ကောင်ငယ်လေးက အတည်မှတ်ပြီး အလေးအနက်ပြောလာသည့်အခါ လော့ယွီစန်း စိတ်ထဲမှ ကြိတ်ရယ်မိသည်။

ငါ လူမှားဖလစ်မိပြီ (Translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα