12 || ကိုယ့်ကို လူဆိုးလုပ်ခိုင်းတော့မှာပေါ့?

1.7K 237 12
                                    

UNICODE

အပိုင်း (၁၂)
ကိုယ့်ကို လူဆိုးလုပ်ခိုင်းတော့မှာပေါ့?

ဖေးပိုင်လည်း ခေါင်းထောင်ကြည့်လိုက်သည်။ လော့ယွီစန်း မေးသည့် အိမ်သေးသေးလေးက လော့ဖေးဖေး၏ သဲခုံစားပွဲ ဘယ်ဘက်ထောင့်ရှိ အိမ်သဏ္ဍာန်အရုပ်ကလေးကို ဆိုလိုကြောင်း ဖေးပိုင် သဘောပေါက်လိုက်၏။

"မိသားစုပါ..  ဖေးဖေးရဲ့ သဲခုံစားပွဲတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေ မြင်ဖူးတယ်.. အမြဲတမ်း အဲ့အိမ်သေးသေးလေးကိုပဲ​ ရွေးတယ်.. မိသားစုမှာ အားထုတ်မှု သိပ်မရှိဘူးဆိုတဲ့ သဘောမျိုးကို ပြောချင်တာနေမယ်" ဖေးပိုင်က အရုပ်များဘက်သို့ မေးငေါ့ပြလိုက်သည်။ "ဒီထက်ကြီးတဲ့ အိမ်တွေ အများကြီးပဲလေ.. ဒါပေမဲ့ ဖေးဖေးက အငယ်ဆုံးအသေးဆုံးအိမ်လေးကိုပဲ အမြဲရွေးတာ"

"မိသားစု"

လော့ယွီစန်းက အတွေးများနေသည့် ပုံစံမျိုးဖြင့် သံယောင်လိုက်ပြောသည်။

ဖေးပိုင်က ကားပေါ်၌ တွေးခဲ့သည့် အတွေးကို သတိရသွားကာ မထိန်းနိုင်တော့ဘဲ လော့ယွီစန်းအား မေးကြည့်၏။

"စီနီယာကိုကို.. ဖေးဖေးမှာ မိသားစုနဲ့ဆိုင်တဲ့ စိတ်ဒဏ်ရာမျိုး ရှိခဲ့ဖူးလားဟင်?"

လော့ယွီစန်းမှာ အချိန်အတန်ကြာ နှုတ်ဆိတ်သွား၏။ ဖေးပိုင်လည်း မိမိကိုယ်ကိုယ် စည်းကျော်မိပြီဟု ခံစားမိ၍ တောင်းပန်ရန်အပြု လော့ယွီစန်းထံမှာ စကားသံထွက်လာသည်။

"မသိဘူး.. သူ ခြောက်နှစ်မပြည့်ခင်တုန်းက ဘာတွေဖြစ်ခဲ့လဲ ငါ မသိဘူး"

__မသိဘူးတဲ့လား?

ဖေးပိုင်မှာ ထိုစကားဆိုလိုရင်းကို နားလည်လိုက်ပြီ။ လော့ဖေးဖေးဟာ လော့ယွီစန်း၏ ညီမအရင်း မဖြစ်နိုင်ကြောင်း မှန်းဆလိုက်၏။

ပို၍လေးလေးနက်နက် စဥ်းစားပြီးနောက် မေးခွန်းဆက်မေးရန် မသင့်တော်တော့ကြောင်း တွေးလိုက်သည်။ ချောင်းတစ်ချက်ဟန့်ကာ ခေါင်းစဥ်ပြောင်း၏။

"တကယ်တော့ ဒီအိမ်လေးက မိသားစုကိုပဲ ကိုယ်စားပြုတာမျိုးတော့ မဟုတ်ပါဘူး.. ကိုယ်ပိုင်စိတ်ဒဏ်ရာမျိုးနဲ့လည်း ဆိုင်ပါသေးတယ်.. အိမ်သေးသေးလေးက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းတာရယ်၊ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သေးတဲ့ သဘောသဘာဝနဲ့လည်း ဆိုင်ပါတယ်.. ကုသရင်းနဲ့တော့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာပါ.. စီနီယာကိုကို တအား စိတ်မပူပါနဲ့"

You've reached the end of published parts.

⏰ Last updated: Dec 28, 2022 ⏰

Add this story to your Library to get notified about new parts!

ငါ လူမှားဖလစ်မိပြီ (Translation)Where stories live. Discover now