7 || အမှိုက်ကောက်သမား

1K 209 8
                                    

UNICODE

အပိုင်း ()
အမှိုက်ကောက်သမား

"အင်း... အလုပ်ချိန်မဟုတ်တဲ့အချိန်မှာပဲ စီနီယာကိုကိုကို မြှူဆွယ်မှာပါ" ဖေးပိုင်က ပြောရင်းဆိုရင်း လက်ထဲရှိ အသံဖမ်းစက်ကို ဖွင့်လိုက်၏။ "မှတ်ထားနော်"

လော့ယွီစန်းလည်း မျက်ခုံးပင့်ကာ တစ်စုံတစ်ရာကို ပြောချင်နေပုံ ပေါက်သော်လည်း လော့ဖေးဖေး ရှိနေသည့်အတွက် ပြန်လည်မျိုချလိုက်ရသည်။

ထိုအချိန်၌ ဖေးပိုင်၏ ဘောင်းဘီအိတ်ကပ်ထဲရှိ ဖုန်းမှာ တုန်ခါလာ၏။ ဖေးပိုင်လည်း အသံဖမ်းစက်ကို စားပွဲပေါ် တင်ထားလိုက်ပြီး ဖုန်းကို ယူထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။ မျက်နှာမှာ ချက်ချင်း ရှစ်ခေါက်ချိုးသွားပြီး မဆိုင်းမတွ ဖုန်းချပစ်လိုက်၏။

စက္ကန့်အနည်းငယ်မျှအကြာတွင် ဖုန်းက မရပ်မနား စတင်တုန်ခါလာပြန်သည်။

ဖေးပိုင်လည်း အံကြိတ်ပြီးနောက် လော့ယွီစန်းကို ပြောလိုက်၏။

"စီနီယာကိုကို.. ကျွန်တော် ဖုန်းသွားဖြေလိုက်ဦးမယ်နော်"

ဖေးပိုင်၏ လက်ရှိမျက်နှာအမူအရာမှာ နောက်စက္ကန့်ပိုင်းအတွင်း ဖားပြုတ်များကို အရှင်လတ်လတ် ဝါးစားပစ်တော့မည့်ပုံ ပေါက်နေကြောင်း လော့ယွီစန်း တွေးမိသည်။

ဖေးပိုင်လည်း ကော်ရစ်ဒါတစ်လျှောက် လျှောက်သွားပြီးနောက် ချောင်တစ်နေရာတွင် ဖုန်းကိုင်လိုက်သည်။ ရှီးကဲ့ယန်​၏အသံက ရှင်းလင်းစွာ ထွက်ပေါ်လာ​၏။

"ဖေးပိုင် ဘယ်ချိန်ထိ ငါ့ပစ္စည်းတွေကို မောင်ပိုင်စီးထားဖို့ လုပ်နေတာလဲ?"

ဖေးပိုင်မှာ အသက်ရှူမှားမတတ်။ ဒေါသကို မနည်းထိန်းချုပ်ထားပြီးနောက် ပြန်ပြောလေသည်။

"ရူးနေတာလား? ခင်ဗျားပဲ ဘာပစ္စည်းမှ မသိမ်းဘဲ ကျုပ်အိမ်ပေါ်ကနေ ကော့ကော့လေး ဆင်းသွားတာလေ.. ဘယ်လိုလုပ် မောင်ပိုင်စီးတယ် ဖြစ်သွားရတာလဲ?"

ရှီးကဲ့ယန်ကလည်း ပြန်ပက်၏။

"ဘာမှ မသိမ်းခဲ့ဘူး ဟုတ်လား? မင်းကရော ငါ့ကို ပစ္စည်းသိမ်းဖို့ အခွင့်အရေး ပေးခဲ့လို့လား? ငါ့ကို အရူးလိုမျိုး အိမ်ထဲကနေ နှင်ထုတ်ပြီးတော့များ.. ဦးနှောက် ခွေးစားသွားပြီလား?"

ငါ လူမှားဖလစ်မိပြီ (Translation)Where stories live. Discover now