5 || မင်္ဂလာပါ ဂျူနီယာညီလေး ဖေးပိုင်

1.1K 228 8
                                    

UNICODE

အပိုင်း ()
မင်္ဂလာပါ ဂျူနီယာညီလေး ဖေးပိုင်

ဒရိုင်ဘာမှာ ဖေးပိုင်အား ခြံဝန်းထဲရှိ ကျောက်ပုံဥယျာဥ်နှင့် သက်ကြီးပင်ပုများအကြား ဖြတ်၍ ခေါ်ဆောင်လာပြီးနောက် တံခါးရှေ့၌ ရပ်စောင့်နေသော သက်လတ်ပိုင်းအမျိုးသမီးနှင့် ထည့်ပေးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးက ဖေးပိုင်အား သူ့မျိုးရိုးနာမည်မှာ 'ကျန်း'ဖြစ်ကြောင်း၊ ဖေးဖေး၏ ကလေးထိန်းဖြစ်ကြောင်း ပြောပြ၍ မိတ်ဆက်၏။ ထို့နောက် ဖေးဖေး၏ အခြေအနေအား ပိုမိုသိရှိစေရန် ဖေးပိုင်အား လမ်းပြခေါ်ဆောင်သွားလေသည်။

ကော်ရစ်ဒါကို ဖြတ်လျှောက်စဥ် တုတ်ချောင်းများဖြင့် ပုံဖော်ထားသည့် ရုပ်ပုံကားချပ်များကို မြင်တွေ့လိုက်ရ၏။ ထိုကားချပ်များမှာ  နံရံ၌ တွဲလောင်းချိတ်ခံထားရပြီး အတွင်းအခန်းအပြင်အဆင်နှင့်လည်း မလိုက်ဖက်ချေ။ ပန်းချီစတိုင်များကလည်း တစ်ခုနှင့်တစ်ခု အလွန်ဆင်တူလွန်းနေသည်။ ပန်းချီဆရာက ကြည့်ရှုသူအပေါ် သိုဝှက်လိုသည့်အတွက် မသိမသာ ဝှက်ဖဲများ ထည့်ထားသလိုပင်။

__ကျွတ်ကျွတ် ဘောစိတွေကတော့ ကြိုက်လိုက်ရင် ပေါက်ပေါက်ရှာရှာတွေချည်းပဲ။

အန်တီကျန်းမှာ ဖေးပိုင် ငေးကြည့်နေကြောင်း သတိပြုလိုက်ပြီးနောက် ပြုံးပြုံးလေး ပြောပြလေသည်။

"ဒါတွေအားလုံး ဖေးဖေး ဆွဲထားတာလေ"

ဖေးပိုင်မှာ ချက်ချင်းပင် လေးစားအားကျနေသည့် လေသံမျိုးကို ပြောင်းလိုက်၏။

"ဟုတ်လားဗျ စိတ်ကူးစိတ်သန်း အင်မတန်ကောင်းတဲ့ ကလေးလေးပဲနော်"

ပို၍လေးနက်သွားစေရန် ဖေးပိုင်က ပန်းချီကားများထဲမှ တစ်ချပ်ကို လက်ညှိုးထိုးပြကာ ဆက်ပြသည်။

"ဒီဆံပင်မှုတ်စက်ဆိုလည်း တော်တော်ရုပ်လုံးကြွတာ.. ပလပ်ပေါက်မပါတာတောင် ခလုတ်နေရာတွေက တော်တော်ထူးခြားတယ်"

အန်တီကျန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလာ၏။

"ဒါက ဖေးဖေးဆွဲထားတဲ့ Peppa Pig ပုံလေ"

ငါ လူမှားဖလစ်မိပြီ (Translation)Where stories live. Discover now