3 || ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်း

1.3K 233 10
                                    

UNICODE

အပိုင်း ()
ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်း

လော့ယွီစန်းမှာ ခဏတာမျှ အာရုံမစိုက်နိုင် ဖြစ်သွား၏။ လက်ကောက်ကလေး သုံးကြိမ်သုံးခါတုန်ခါသွားရခြင်း၏ အကြောင်းရင်းကို ချက်ချင်း မမှတ်မိနိုင်ခဲ့။

အတော်အတန်ကြာပြီးနောက်မှ ယနေ့နံနက်၌ လော့ချန်းချန် ရှင်းပြပေးခဲ့သော လက်ကောက်၏ ဟာသဆန်ဆန် အလုပ်လုပ်ပုံကို သတိရသွားလေ၏။

ထို့နောက် သတိပြန်ကပ်ကာ မျက်စိရှေ့ရှိ ကောင်လေးကို ကြည့်ပြီး မေးလိုက်သည်။

"ဘာလို့ မင်းဖုန်းနံပါတ်ကို ပေးရတာလဲ?"

တစ်ဖက်လူက လော့ယွီစန်း ထိုသို့မေးလာမည်ကို မျှော်လင့်ထားပုံ မပေါ်ချေ။ မျက်မှောင်ကြုတ်ကာ ခေတ္တမျှ ခေါင်းကုတ်စဥ်းစားပြီးသော် ပြန်ဖြေလိုက်ပုံမှာ

"ဘာလို့ဆို အစ်ကိုနဲ့ အိပ်ချင်လို့"

လော့ယွီစန်း၏ မျက်နှာအမူအရာမှာ ထိုသို့ တဲ့တိုးဆန်လှသည့် အဖြေကြောင့် တုန်လှုပ်မသွားခဲ့။ အနှီကောင်လေးဆီ စာရွက် ပြန်ထိုးပေးလိုက်၏။

"အခုမှ တစ်ခါပဲ တွေ့ဖူးသေးတဲ့လူနဲ့ အိပ်တတ်တဲ့ အကျင့်မျိုး မရှိဘူး"

ထို့နောက် လော့ယွီစန်းသည် လက်ပ်တော့ကို အိတ်ထဲ ပြန်ထည့်ကာ ခပ်တည်တည်ဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ကော်ဖီဆိုင်မှ လမ်းလျှောက်ထွက်လာရင်း အနောက်လှည့်ကြည့်လိုက်မိ၏။ အနှီကောင်လေးသည် ထိုနေရာ၌သာ ခေါင်းစိုက်ချ၍ ထိုင်နေသည်။ မည်သည်ကို တွေးတောနေမှန်း မသိနိုင်။ စက္ကန့်ပိုင်းမျှ အကြာတွင် ရှက်ရွံ့မှုနှင့် ဒေါသမွှန်စွာဖြင့် စာရွက်လေးကို အပိုင်းပိုင်း ဖြဲဆုတ်ပစ်လိုက်၏။

ထိုကောင်လေး စိတ်ကြီးတတ်ပုံများ။

လော့ယွီစန်းလည်း ရှေ့ပြန်လှည့်ကာ ပင်မဆောင်ဆီ လျှောက်သွားသည်။ လမ်းလျှောက်နေရင်းပင် ဖုန်းကို ယူထုတ်ကာ လော့ချန်းချန်ဆီ ဖုန်းဆက်လိုက်၏။

လော့ချန်းချန်က ချက်ချင်းပင် ဖုန်းကိုင်လာသည်။

"ဘာဖြစ်တာလဲ အစ်ကို?"

ငါ လူမှားဖလစ်မိပြီ (Translation)حيث تعيش القصص. اكتشف الآن