{အပိုင်း-၁}

289 48 18
                                    

Unicode

"ဂျောင်ကုကီး~~ဟွာရန်းလေး~~
ထမင်းစားကြမယ်"

""လာပါပီ မေမေ~~""

"ရားးးဂျောင်ဂုကီး အဲ့တာငါ့အမေပါနော်
မေမေလို့မခေါ်နဲ့.."

"နင့်အမေလဲ ငါ့အမေဘဲလေ ခေါ်တော့
ဘာဖြစ်လဲ.. "

"မခေါ်နဲ့!"

"ခေါ်မှာဘဲ!"

အသက်၇နှစ်အရွယ်တူ အိမ်နီးချင်း
ကလေးငယ်နှစ်ယောက်သည် ရွံ့ရုပ်တွေဖြင့်ကစားထားတာမို့ နှစ်ယောက်လုံးရဲ့
အဝတ်စားခပ်နွမ်းနွမ်းလေးတွေမှာ
ညစ်ပတ်ပေတူးလို့ နေသည်။

"အဲ့တာဆို မေမေ့ဆီရောက်အောင် အပြေးပြိုင်မယ် အရင်ရောက်ရင် ခေါ်ခွင့်ပေးမယ်"

"စိန်လိုက်လေ.."

ထို့သို့ နို့နှစ်ရောင် အသားအရောင်ရှိသော
ကောင်ငယ်လေး နှင့် ဝါနုနုအရောင်အဆင်းရှိသော မိန်းကလေးငယ်တို့ အတူတူတကွ
စားအတူ၊ သွားအတူနဲ့ ၁၆နှစ်အရွယ်ထိတိုင်ကြီးပြင်းလာခဲ့ကြသည်။
ဖခင်များက စစ်ပွဲများအတွင်း အသီးသီး
ကျဆုံးခဲ့ကြကာ ကျန်ရစ်သူ ဇနီးများမှ
တစ်ယောက်ကို တစ်ယောက် အမှီအတင်းပြု၍ နေထိုင်ခဲ့ကြသည်။ သူတို့သားနှင့်သမီးကိုလဲ အိမ်ထောင်ဘက်တွေအဖြစ်
အစောကတည်းက သဘောတူထားကြသည်။

"ကုကီး..ငါနိုင်တယ်နော် ဟူးးမောလိုက်တာ"

"သေချာလို့လား"

ဟွာရန်းရဲ့အမေကို ဖက်ထားပြီးပီဖြစ်တဲ့
ဂျောင်ကုကီးကို ထုံးစံအတိုင်း အမေလုကြရင်း ရန်ဖြစ်ကြပြန်သည်။ အမေနှစ်ယောက်ကတော့ မနိုင်ဘူး ဆိုတဲ့အကြည့်နဲ့ တစ်ယောက်ကို တစ်ယောက် ခေါင်းခါပြရင်း
သားနှင့်သမီး ကို သဘောကျနေသည်။

"တော်ကြပါတော့.. မကြာခင်ဘဲ ဒေါ်လေးက မင်းရဲ့မေမေ ဖြစ်လာမှာဘဲလေ မဟုတ်ဘူးလား..ခမည်းခမက်"

"ဟုတ်တာပေါ့..ဟွာရန်းလေးလို ချွေးမလှလှလေးကိုလဲ မြန်မြန်ဆွေမျိုးတော်‌ချင်နေပြီ"

"မင်္ဂလာဆောင်ရက်ကို လပြည့်‌နေ့
ဆိုရင်ရော.."

"အို..ဘာနေနေ ရက်နီးလေကောင်းလေဘဲ"

Boundary Of War Empire With LoveWhere stories live. Discover now