{အပိုင်း-၂}

220 47 13
                                    

Unicode

၄နှစ်ခန့်အကြာ...

သူရင်းဌားအိမ်တစ်အိမ်၏ မီးဖိုချောင်တွင်
တကုတ်ကုတ်နှင့် အလှုပ်ရှုပ်နေသူ ဟွာရန်းသည် ယခုဆိုအသက် ၂၀ မျှရှိပြီဖြစ်သည်။
ရွာဟောင်းကိုစွန့်ခဲ့ကျပြီးကတည်းက မြို့ပေါ်တက်၍ သူဌေးအိမ်များတွင် အောက်ခြေသိမ်းအလုပ်မှန်သမျှကိုလုပ်သည်။ သူတို့က နေစရာ၊စားစရာ ကိုသာပေးပြီး သုံးစွဲဖို့ငွေအသပြာကို တခြားအလုပ်
တစ်ခုခိုးလုပ်မှသာ သုံးစွဲရသည်။ အိမ်ရှင်တွေမရှိခင် ခဝါသည်လုပ်တာမျိုးပေါ့။

"ဟွာရန်း..ဘာလုပ်နေတာလဲ!!ငါအော်ခေါ်နေတာကြာလှပီလေ.."

"လာပါပီ သခင်မကြီး..ဟွာရန်း ထမင်းရည်ငှဲ့လက်စဖြစ်.."

"ဖြန်း!"

"ငါ့ခေါ်ရင်လာ..ငါခိုင်းရင်လုပ် ဘာမှအတွန့်မတက်နဲ့"

"ဟုတ်..ဟုတ်ကဲ့"

"ဒီနေ့ အိမ်ကို အရာရှိတစ်ယောက်လာဖို့ရှိတယ် အဲ့တာအိမ်ကိုပြောင်နေအောင် ကြမ်းတိုက်ထား ကြားလား!"

"ဟုတ်ကဲ့ ကြားပါတယ်"

"အချိုးပြေပြေနေ ဟွန်း!"

ရဲရဲနီသွားသော ပါးပြင်လေးကိုအုပ်လျက်
ဟွာရန်း မီဖိုးချောင်ဆီပြန်ကာ ချက်လက်စဟင်းရာများကို မျက်ရည်စက်လက်ဖြင့် မငြီးမညူ ချက်ပြုတ်ပေးရပြန်သည်။
ထို့နောက် တုံကင်မှာ ရေနှိပ်ရင်း
အိမ်ကြမ်းတိုက်ဖို့ရေခတ်ကာ ကြမ်းစတိုက်သည်။

"ဂျောင်..နင်ဘယ်မှာလဲ"

ကြမ်းပြားပေါ်သို့ လိမ့်ဆင်းသွားသော မျက်ရည်စများကို ဘယ်သူမှညှာတာသနားမဲ့သူမရှိ။ ပြေးရင်းလွှားရင်း ဝမ်း‌ရေး အတွက်
ဟွာရန်း နှစ်တွေအကြာကြီးရုန်းကန်ခဲ့ပြီးပီ။
ဂျောင် လာခေါ်ရင်တော့ သူဒီဘဝကလွှတ်မြောက်တော့မှာဆိုသော မျှော်လင့်ချက်နဲ့
ဆက်လက်ရှင်သန် စောင့်မျှော်နေခဲ့တယ်။

သူများရဲ့ အနှိမ်ခံ ၊အနှိပ်စက်ခံဘဝ နဲ့ လူ့အသိစိတ်ကင်းမဲ့ကျသော ယောင်္ကျားကြီးများရန်ကိုလဲ ဟွာရန်း ဈေးသွားတိုင်း
ကာကွယ်ရသည်။ မြို့ပေါ်တွင် အင်္ဂလိပ်တပ်များ၏ တပ်ခွဲများရှိကာ လူမျိုးမတူ ၊ဘာသာမတူတွေကြောင့် ဟွာရန်းအတွက် အပြင်လောကဟာ သိပ်ကြောက်ဖို့ကောင်းလွန်းနေသည်။

Boundary Of War Empire With LoveWhere stories live. Discover now