အပိုင်း{၆}

325 44 18
                                    

Unicode

ဒီတခေါက်စစ်ပွဲအပြီးမှာလဲ ကပ္ပတိန်ဂျွန်
ဂျောင်ဂုရဲ့စွမ်းဆောင်ရည်ကြောင့် ဆုလာဒ်အဖြစ် မြို့တွင်းမှာ ခြံနဲ့အိမ်ကို အပိုင်စားချီးမြှင့်ခံခဲ့ရကာ ၊

ကပ္ပတိန်၏ မွေးစားဖခင်နှင့်မခြားနားသော
သူ့အား လေ့ကျင့်သင်ကြားပေးခဲ့သူ ဗိုလ်ချုပ်တစ်ဦးထံမှလဲ အော်စတင်ကားလေး တစ်စီးအား အပိုဆုရရှိခဲ့သည်။

ဗိုလ်ကြီးတစ်ယောက်ရရှိတဲ့ နိုင်ငံတော်ကချပေးထားတဲ့ လစာအပြင်ကို အပိုဆောင်းဝင်ငွေတွေအများအပြားရရှိတဲ့ ငယ်ရွယ်တဲ့ ကပ္ပတိန်တယောက်မှာ အခြွေအရံမရှိ၊
တခြား ဗိုလ်မှူးများနည်းတူ အကျင့်ပျက်လိုက်စားမှုမျိုးရှိမနေဘူး။

"ဒီအိမ်က ဂျွန်ဟွာရန်းတို့ အိမ်လား ခင်ဗျာ"

"ဟုတ်ပါတယ် ဘယ်သူများပါလိမ့်"

"ကျွန်တော်က ကပ္ပတိန်ဂျောင်ဂု တပ်ခွဲရဲ့ ဆေးသူနာပြုပါ ဒီက မိန်းကလေးကို ကပ္ပတိန်ပြန်မလာနိုင်‌သေးဘူးလို့ သတင်းပါးချင်လို့"

"အော် ဟုတ်ကဲ့ ထိုင်ပါအုံးလား"

"အတော်ဘဲဗျ ကျွန်တော်လဲ ဒီကောင်ကြီးအကြောင်းပြောပြစရာတွေရှိတယ်"

ရာသီစာဟင်းသီးဟင်းရွက် စိုက်ပျိုးထားသော စိုက်ခင်းဘေးက သစ်ရိပ်ဝါးရိပ်ကောင်းသော နေရာတွင် အွန်ဝူး ကို လက်ခံစကားပြောခဲ့ကာ ထိုလူထံမှ ဒီနှစ်တွေအတွင်း
ဂျောင်ဂု ဘာတွေလုပ်နေခဲ့လဲ ဆိုတာကို သိရသည်။

"ဒီလိုဗျ.. သူနဲ့ကျွန်တော်က သုံ့ပန်းတွေအဖြစ်ဖမ်းခံရကတည်းက သူငယ်ချင်းအရင်းကြီးတွေဖြစ်ခဲ့ကျတာဘဲ ..

တပ်သားဘဝတုန်းကဆို ခင်ဗျားအကြောင်းလဲ မပါမဖြစ် ဒီကောင်နေ့တိုင်းပြောလေ့ရှိပါတယ် .. ပွင့်ပွင့်လင်းလင်းပြောရရင် သူဘယ်လောက်ထိရည်ရွယ်ပီးချစ်ကြောင်းနဲ့ လက်ထပ်ယူမယ်ဆိုတာတွေအထိပေါ့..
ကျွန်တော့်မှာ မရိုးနိုင်အောင်နားထောင်ရတာပါဗျာ.."

"သူကပ္ပတိန်ဖြစ်လာတော့ ကျွန်တော်တို့သိပ်မတွေ့ဖြစ်တော့ဘူးဗျ အဲ့ကစလို့ သူအရင်လိုစကားလဲသိပ်မပြောတော့သလို အမူအကျင့်တွေလဲပြောင်းလာတယ်ဆိုပါတော့..

You've reached the end of published parts.

⏰ Last updated: Dec 29, 2022 ⏰

Add this story to your Library to get notified about new parts!

Boundary Of War Empire With LoveWhere stories live. Discover now