{အပိုင်း-၅}

199 45 13
                                    

Unicode

နားထဲ အုံးအုံးဒိုင်းဒိုင်းနဲ့ ထုရိုက်နေသံတွေကြောင့် ဟွာရန်း မျက်လုံးအလိုလိုပွင့်သွားသည်။
ထူးဆန်းတာက ညက အိမ်ထဲမှာအိပ်တာပါ
အခု ဘာလို့ သစ်ပင်အောက်က ခုံတန်းပေါ် လာအိပ်ပျော်နေရတာလဲ။

ကမန်းကတမ်းကုန်းထ၍ အိမ်ဘက်ကိုလှမ်းကြည့်မိတော့ အိမ်ခေါင်မိုးပြင်နေကြသော
စစ်သားတစ်ချို့နဲ့ အဖွားနှင့် စကားပြောနေသော ကပ္ပတိန်ဂျောင်ဂု။

"ဂျောင်ဂု! ဘာတွေဖြစ်နေတာလဲ"

"ဟဲ့ ကလေးမ အထက်လူကြီးကို ရိုင်းလှချီလား အဖွားတောင်းပန်ပါတယ် လူလေးရယ်"

"မလိုပါဘူး ရပါတယ်"

"ကပ္ပတိန်က အဖွားတို့ကို အိမ်သစ်ရှာပေးမလို့တဲ့ အားနာတာနဲ့ ဒီအိမ်လေးဘဲပြင်ပေးဖို့
တောင်းဆိုလိုက်တာပါကွယ်"

ဟွာရန်းသည် ဒေါသဖျင်းကနဲ့ဖြင့် သူမမျက်နှာလေး ရဲသွားသည်။ ကပ္ပတိန်က သူမကို ပစ်ပယ်ဖယ်ခွာနေခြင်းကို အဆင့်မတူ
‌ေတာ့လို့ဘဲလို့ သူမတဖက်သတ်ကောက်ယူတွေးထားတာကြောင့်ဖြစ်မည်။

"ဒီမယ် ကပ္ပတိန် ရှင်က ကျွန်မတို့နဲ့ အဆင့်အတန်းမတူတော့ဘူးလို့ သတ်မှတ်ထားတယ်မို့လား ဘာလို့ဒါတွေလုပ်ပေးနေတာလဲ"

"...."

"ခုချက်ချင်း ရှင့်လူတွေကိုခေါ်ပြီးပြန်ပါတော့"

"အိုက်ဂူးးဒီကလေးမနဲ့တော့ သေတော့မှာဘဲ"

"ရဲဘော်တို့ လက်စသတ်ပြီးဆင်းခဲ့!"

"ပြန်ခွင့်ပြုပါအုံး အဖွား"

"အားနာလိုက်တာကွယ်..မျက်နှာမပြဝံ့ပါဘူး"

ကပ္ပတိန်ဆိုတဲ့ရာထူးနဲ့ မျက်နှာကြောတင်းတင်း သူ့ကို ပြောရဲဆိုရဲသူသည် သေချာပေါက် ဟွာရန်း တယောက်သာရှိသည်။

"အဖွားက ဘာကိုကြောက်တာလဲ သမီးကလေ ဒီကောင့်ကို အသာလေးနိုင်တယ် ကြည့်နေ"

ရဲဘော်တစ်စုနဲ့ ရှေ့ဆုံးက ကပ္ပတိန်ဆီပြေးကာ..

"ရားးအရူးကောင်"

--------။

"ဟီးးဟီးးးခ်ခ်"

"ဘာရီတာလဲ ဟျောင့်"

Boundary Of War Empire With LoveUnde poveștirile trăiesc. Descoperă acum