{အပိုင်း-၄}

257 53 18
                                    

Unicode

"Captain! စခန်းရှေ့မှာ ကပ္ပတိန်ကိုတွေ့ချင်နေတဲ့ အမျိုးသမီးတစ်‌ယောက်ရောက်နေတယ်"

"ပြန်ခိုင်းလိုက်"

"ပြန်ခိုင်းပေမဲ့ ကပ္ပတိန်ကိုမှပေးမတွေ့ရင် မပြန်ဘူးလုပ်နေပါတယ်"

"ကျစ်!ကောင်းပီလေ ငါ့ရုံးခန်းကိုလွှတ်လိုက်"

"အလေးပြု!"

ခဏအကြာ ခြေသံတရှပ်ရှပ်ဖြင့် တစုံတယောက် ရုံးခန်းထဲသို့ဝင်လာသည်။ ကျောခိုင်းရပ်ထားတာမို့ မျက်နှာကိုတော့မမြင်ရသေးပေ။

"ဂျောင်ဂုကီး.."

"သူ့ကိုလာရှာတာဆိုရင်တော့မရှိဘူး.."

"ငါ့ကိုစိတ်ဆိုးနေတာလားဟင်.."

"Captain Jeon ဖြစ်သွားပြီ နာမည်ကိုလက်လွှတ်စဖွယ်မခေါ်ပါနဲ့"

"ဟုတ်.. ဟုတ်ကဲ့ ကပ္ပတိန်"

"မင်းနဲ့ ဒီစခန်းက ဘာမှမသက်ဆိုင်ဘူး လာစရာအကြောင်းလဲမရှိဘူး အခုချက်ချင်းပြန်ပါ"

"ဒါပေမဲ့.."

"ဒါ အမိန့်!!"

"ခဏလေး.. ခဏလေးဘဲ နင့်မျက်နှာလေးကို‌ပေးကြည့်လို့မရဘူးလား ပြီးရင်ပြန်ပါ့မယ်"

လက်အိတ်ဖြူစွတ်ထားသော လက်‌ချောင်း တွေ တင်းခနဲဆုပ်လိုက်သည်ကို ဟွာရန်း မြင်တဲ့အခါ သူ့ကိုဒေါသထွက်နေပြီအထင်နဲ့ ထိုနေရာမှထွက်ခွာလာခဲ့သည်။ နောက်နေ့တွေကျရင် စိတ်ဆိုးပြေသွားလောက်မှာပါ။

"အမြဲတမ်းကိုယ်လုပ်ချင်တာကိုဘဲ ဇွတ်တရွတ်လုပ်တဲ့ကလေးမ ဘယ်‌တော့မှ
ငါ့ဘက်ကိုဝင်မကြည့်ပေးခဲ့ဘူး.."

မှန်ပါတယ်။ ဟွာရန်းသာ နောက်ပြန်လှည့်ကြည့်ခဲ့မယ်ဆိုရင် တလောကလုံးမှာ
အအေးစက်ဆုံး သရဖူဆောင်းထားသူကြီး
ငိုနေခဲ့တယ်ဆိုတာကိုဘဲ။

ဒီရာထူး..အာဏာအဆင့်တွေရလာဖို့ ဂျောင်ဂု
အများကြီးကြိုးစားခဲ့ရတယ်။ စစ်တိုက်ရာမှာတပ်သားအဖြစ်အသုံးချဖို့ အင်္ဂလန်ထိ
ဂျောင်ဂုရောက်သွားခဲ့တယ်။ ဟွာရန်းရှိနေသေးတယ် ဆိုတဲ့ အသိကို ရှေ့တန်းတင်ပြီး
တိုက်ပွဲပေါင်းများစွာ အသက်ရှင်လျက်ဆင်နွဲခဲ့တယ်။

Boundary Of War Empire With LoveWhere stories live. Discover now