This Is My Second Time Helping You
(Unicode)
"ငါ့ပိုက်ဆံပြန်ပေး" ထိုလူက စားပွဲခုံကိုရိုက်လိုက်သည်။ "လောင်ဇီကို ကိတ်ဖိုးပြန်ပေး။ စိတ်ထိခိုက်ခဲ့ရတဲ့အတွက်က တစ်သောင်း။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ငါ့ကိုမယဉ်ကျေးဘူးလို့မပြောနဲ့"
ဝမ်းမင်ယိက နို့လက်ဖက်ရည်ကိုသောက်နေရင်း လုယွင်ဖေးကိုတိုက်လိုက်ကာ အနောက်ကလူကို မေးထိုးပြလိုက်သည်။
လုယွင်ဖေး လက်ရှိစကားပြောနေသည့်သူအပါအဝင် လူခြောက်ယောက်ရှိကြောင်း ရေလိုက်သည်။ ဒါက အစီအစဉ်ချထားသည်ပင်။
လျိုမို့ကလည်း လက်ရှိအဖြစ်အပျက်ကို သဘောပေါက်သွားသည်။ ကိတ်က အချင်းများရန်ဖြစ်ရန်အတွက် လမ်းစဖွင့်ခြင်းသာ။
သူ(မ)ပြုံးလိုက်သည်။ "ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်မတို့ရဲခေါ်ရလိမ့်မယ်"
ထိုလူက သူမစကားကိုရယ်လိုက်သည်။ "ခေါ်လေ။ လောင်ဇီက မင်းတို့ခြိမ်းခြောက်တာကို ကြောက်နေမယ်ထင်လို့လား။ ငါက မင်းတို့ဆိုင်ကကိတ်ဝယ်ခဲ့တာ။ စားပြီးပြီးချင်း အန်တယ်။ ဝမ်းလျှောပြီးတော့ အစာအဆိပ်သင့်တော့မလိုတောင်ဖြစ်သွားတယ်။ ငါခံစားရတာတွေအတွက် လျော်ကြေးလိုချင်လို့တောင်မရဘူးလား။ စောက်ဆေးဖိုးတောင် တောင်းတာမဟုတ်ဘူး"
ထိုသည်ကိုကြားပြီး လျိုမို့လည်းစကားကိုကွေ့ပတ်မနေတော့ဘဲ ရဲခေါ်ရန်ဖုန်းထုတ်လိုက်သည်။ ထိုလူက သူ(မ)လက်ထဲကဖုန်းကို ဆွဲလုသည်။ ထိုသည်ကိုလုယွင်ဖေးမြင်လိုက်ကာ ဝမ်းမင်ယိလက်ထဲကနို့လက်ဖက်ရည်ဖြင့် ထိုလူပခုံးကိုပစ်ပေါက်လိုက်သည်။
နို့လက်ဖက်ရည်ကပခုံးကိုပစ်လိုက်သည့်အသံထွက်သွားပြီးမှ ကြမ်းပြင်ကိုကျသွားတော့သည်။ ထိုလူ၏ပခုံးက ညစ်ပတ်ပြန့်ကျဲသွားသည်။ ထိုသူက သူ့ခေါင်းကိုအလိုလိုလှည့်မိသွားသည်။ ထိုအခါမှ ပျမ်းကျင်းယွမ်ကလျိုမို့၏ဖုန်းကို ဆွဲယူလိုက်ရင်း သူ(မ)လက်ထဲထည့်ပေးကာ အနောက်ကတွန်းလိုက်သည်။ "လျိုကျဲ အထဲဝင်နေဉီး"
လျိုမို့က ဆိုင်ထဲဝင်လာသည့်ကောင်ချောလေးများကို စိုက်ကြည့်နေခြင်းဖြစ်သည်။ ပျမ်းကျင်းယွမ်သတိပေးလိုက်မှ သူ(မ)လည်းအသိပြန်ဝင်လာကာ ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)ခေါင်းကိုလှည့်ကြည့်လိုက်သည့်အခါ ပျမ်းကျင်းယွမ်ကလည်း တံခါးပေါက်ဝဘက်ကို စိုက်ကြည့်နေကာ သူ့မျက်ခုံးများကတွန့်ချိုးသွားသည်ကိုမြင်လိုက်ရသည်။

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras