Ch- 15 : သူငယ်ချင်းတစ်ယောက်ရဲ့အကြံပေးချက် (၂)

841 108 0
                                    

Ch-15 : သူငယ်ချင်းတစ်ယောက်ရဲ့အကြံပေးချက် (၂)

"ဘာလို့ သူများတွေ သူ့အနား ကပ်လို့မရတာလဲ?" လင်းရှင်း သည် ယောင်ဝါးဝါး ပြောလိုက်သည်။

ဝုအန်အန်သည် ပါးစပ်ကို အလျင်စလို ဖုံး၍ သတိထားနေဖို့ အရိပ်အမြွက်ပေးဖို့ လင်းရှင်း အနား တိုးတိုးလေးကပ်လာသည်။ "အစ်မ မင်းကို သူ့ကိုလစ်လျုရူဖို့ ပြောဖူးတယ်။အရင်တုန်းက လင်းရှင်းယွီနဲ့ကစားတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးတယ်။သို့ပေမဲ့ ဌာနမှုး သိသွားတော့ အဲကလေးကို သင်ခန်းစာပေးခဲ့တယ်။အဲအချိန်ကစပြီး လင်းရှင်းယွီနဲ့ကစားဖို့ ဘယ်သူမှမခေါ် တော့ဘူး။"

"ဌာနမှုး ? ဘာကိုဆိုလိုတာလဲ ? " လင်းရှင်းသည် ဝုအန်အန်ရဲ့စကားကို မေးခွန်းထုတ်လိုက်သည်။

လင်းရှင်းက မယုံသည်ကိုကြည့်ရင်း ဝုအန်အန် က ဒေါသတကြီးဖြင့် ပြောပြသည်။"ဒါတွေအားလုံး မင်းအတွက် ငါပြောတာ! အထူးသဖြင့် အစ်မက နှစ်ရက်နေရင် ထွက်သွားတော့မှာ။ကျောင်းချောင် မင်းကိုအနိုင်ကျင့်တုန်းက အစ်မ မင်းကိုမကူခဲ့လို့ မင်း နာကျင်နေတာ အစ်မ သိတယ်။သို့ပေမဲ့ အစ်မတို့ သူငယ်ချင်းဖြစ်တုန်းပဲလေ ဟုတ်တယ်မလား?"

'ငါတို့သူငယ်ချင်းဖြစ်နေတုန်းပဲ' ဆိုသည့် စကားကြောင့် လင်းရှင်း၏နှလုံးသား လှုပ်ခတ်သွားသည်။အဆုံးတွင် ထိုမိန်းကလေးကို တကယ်ကိုအပြစ်မတင်ပေမဲ့ ခပ်ခွာခွာနေချင်မိသေးသည်။အစတည်းက ဝုအန်အန်ကို ဘယ်တော့ မှ မယုံခဲ့တာကြောင့် မေးခွန်းထုတ်တာလည်းဖြစ်သည်။ဒီအချက်ကပြောရရင် မတက်နိုင်ပဲ အကျင့်ဖြစ်သွားတာဖြစ်သည်။

"ညီမ သိတယ်။" လင်းရှင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝုအန်အန် သည် လင်းရှင်းရဲ့ဘာမှမကွာခြားတဲ့ လေသံကိုကြားချိန် ပြောဖို့လိုသည်ဟု မခံစားရတော့။သူမသည် နေ့လည်စာ ဘူးကိုယူ၍ "အင်း။အနည်းဆုံး မင်းသိသင့်တယ်.." ဟု ပြောကာ လှည့်ထွက်သွားခဲ့သည်။ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက်၊ဝုအန်အန် သည်ရုတ်တရက်လှည့်ကြည့်သည်။ "လင်းရှင်း၊အစ်မ S မြို့ကို နှစ်ရက်အတွင်း သွားတော့မယ်။အနာဂတ်မှာ မင်းတစ်ခုခုလိုအပ်ရှိရင် အစ်မ ဆီလာနိုင်တယ်။"

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Tempat cerita menjadi hidup. Temukan sekarang