Ch-23 : နူးညံ့သောကြင်နာမှု

834 116 0
                                    

Ch-23 : နူးညံ့သောကြင်နာမှု

ကျောင်းချောင် မှ ဒေါသတကြီးပြောတော့သည်။"ဒါက မင်း ကိစ္စမဟုတ်ဘူး!"

နှစ်ယောက်သား ကြိုးစားတည်ဆောက်ခဲ့ကြတဲ့ မမျှော်လင့်ထားတဲ့ ချစ်ကြည်ရင်းနှီးမှုသည် ချက်ချင်းပြိုကျသွားခဲ့သည်။ကောင်လေးက ဂေါ်ပြားကို ကိုင်၍ကန်တင်းဆီသို့ တိုက်ရိုက် ထွက်သွားတော့သည်။

လင်းရှင်း သည် သူ့နောက်မလိုက်ခင် လက်က ဖုန်မှုန့်တွေကို ခါပစ်ခဲ့သည်။

ညစာစားဖို့ လူတိုင်းတန်းစီနေချိန် ကျောင်းချောင် သည် အလယ်နေရာ၌ ရပ်နေပြီး နောက်ကျသည့် လင်းရှင်း သည် အဆုံး၌ ရပ်နေသည်။သူမဗိုက်ထဲရှိသမျှသည် ကြက်ဥပြုတ်တစ်လုံးဖြစ်သောကြောင့် ညနေပိုင်းတွင် သေချာပေါက်ဆာလောင်နေပြီဖြစ်သည်။သူမသည် ခြေထောက်များကို ဝီရီယထားပြီး ရှေ့သို့လှမ်းလိုက်သည်။နောက်ဆုံးတစ်သုတ်မို့ ဟင်းနည်းနည်းနဲ့ထမင်းတစ်ပန်းကန်ပဲ ကျန်တော့တယ်။

အစားအစာအလုံအလောက်မရရှိတာထက် ပိုသနားစရာကောင်းတာ များရှိလို့လား?

သူမသည် ချဥ်တူးနေသည့် စိတ်ခံစားချက်ဖြင့် ထမင်းပန်းကန်လေးကို စိုက်ကြည့်နေမိသည်။သူမထိုင်လိုက်သည်နှင့် ဝုအန်အန် ရောက်လာပြီး သူ့ထမင်းပန်းကန်ထဲ က တစ်ဝက်ကျော်ကို လင်းရှင်းရဲ့ပန်းကန်ထဲသို့ လှမ်းထည့်ပေးလာသည်။

သူမရဲ့ကြင်နာမှု အပြုအမူများကို လင်းရှင်း မကြိုက်ပါ။သို့သော်လည်း လင်းရှင်းသည် အနည်းဆုံး‌တော့ သူမရဲ့ကြိုးစားမှုအတွက် ချီးကျူးမိသည်။လူတိုင်း ဗိုက်ပြည့်နေတာတောင် သူတို့ရဲ့အစာကိုတခြားသူကိုမကျွေးကြဘူးလေ။

"ကျေးဇူးတင်ပါတယ်။"

"အကုန်လုံးမစားနိုင်တော့ဘူး"

"အိုး။"

"အစ်မက မနက်ဖြန်လာခေါ်မယ်တဲ့"

လင်းရှင်း အံ့သြသွားသည်။"မနက်ဖြန်။... ​နောက်​တစ်​ပတ်မှမဟုတ်​ဘူးလား?"

"အစ်မက ဖုန်းဆက်ပြီး မနက်ဖြန်ပြန်ချိန်းတယ်၊သူမပြောတာက မြန်မြန်ထွက်သွားရလေ ပိုကောင်းလေတဲ့ "

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Tempat cerita menjadi hidup. Temukan sekarang