Ch-24 : ကျန်ရစ်ခဲ့ခြင်း

869 119 3
                                    

Ch-24 : ကျန်ရစ်ခဲ့ခြင်း

လင်းရှင်းယွီက ဌာနမှုးပေးသမျှ မကြာခဏစားဖို့ ငြင်းဆန်လေ့ရှိသည်မှာ ဘာကြောင့်လဲဟုမမေးလဲ ခန့်မှန်းမိသည်။အခုလင်းရှင်းယွီ ဝက်သားဝါး‌နေသည်ကိုကြည့်ရင်း သူမ၌ နားမလည်နိုင်သော ပျော်ရွှင်မှု စိတ်ထဲမှထွက်ပေါ်လာခဲ့သည်။သူ့ခေါင်းကိုထိဖို့မသိစိတ်ကို လက်မြှောက်လိုက်ပေမဲ့ သူမ လက်ပြန်မချခင် လေထဲရပ်တန့်သွားခဲ့သည်။လင်းရှင်းသည် ထမင်းနှစ်လုပ်တည်းကျန်တော့တဲ့ ထမင်းဘူးကို မကုန်မချင်းပြီးအောင်စားနေသည့် ကောင်လေးကို ကြည့်နေခဲ့သည်။သူမနဲ့ခပ်ဝေးဝေးမှာနေဖို့ ပြောချင်ပေမယ့်အကြောင်းတစ်ခုခုကြောင့် ပြောစရာစကား ရှာမတွေ့ပါပေ။

လင်းရှင်းယွီ နောက်ဆုံးတစ်လုပ်စားပြီးနောက် လင်းရှင်းက စကားစပြောလိုက်သည်။"အခုကစပြီး ငါ့အနောက် မလိုက်နဲ့"

"ဘာဖြစ်လို့လဲ"

"ငါ့အနောက်လိုက်နေတာ ငါမကြိုက်ဘူး"

ဒါက ခိုင်လုံသောအကြောင်းပြချက် လို့ မယူဆနိုင်သော်လည်း အခြားရှုထောင့်အရ လင်းရှင်းအတွက် တစ်စုံတစ်ရာကိုမကြိုက်ရန်အကြောင်းပြချက်မလိုအပ်ဘူး လို့ အဓိပ္ပာယ်ရသည်။

လင်းရှင်းယွီရဲ့နှလုံးသား လေးလံလာသည်။သူ ထမင်းဝအောင် စားနေတာကို ကြည့်နေသည့် သူမ၏အကြည့်က အလွန်နူးညံ့သိမ်မွေ့‌နေသည်မှာ ထင်ရှားသည်။နောက်တော့သူမ ဘာကြောင့် ရုတ်တရက် အရမ်းအေးစက်သွားတာလဲ? လင်းရှင်းယွီသည် တစ်ခုခု မှား‌နေတယ်လို့ခံစားမိသော်လည်း သူ့စကားကိုသာ ပြန်မျိုချခဲ့သည်။သူ့ထမင်းဗူးကိုယူ၍ စားပွဲမှထွက်သွားခဲ့သည်။ခဏကြာတော့ ကောင်လေးသည် ကန်တင်းဝင်ပေါက်၌ ရပ်နေရင်း လင်းရှင်း ကို ခဏလောက် စိုက်ကြည့်ကာ တိတ်တိတ်လေး ထွက်သွားခဲ့သည်။

သူထွက်သွားတော့ ကျောင်းချောင်က လင်းရှင်း အနားသို့ ရောက်လာသည်။ထမင်းစားပြီးတာနဲ့ဝဝကစ်ကစ်ကောင်လေးသည် အားအင်ပြည့်နေသည်။စောစောက အိမ်နောက်ဖေး၌ သူ့ကို နာကျင်စေတဲ့စကားတွေကိုတောင် မေ့နေခဲ့သည်။

"လင်းရှင်း နင် လင်းရှင်းယွီလိုကျေပျော့ညံ့တဲ့သူနဲ့မကစားသင့်ဘူး"

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Where stories live. Discover now