Ch-35 : သည်းခံခြင်း (၂)

877 110 0
                                    

Ch-35 : သည်းခံခြင်း (၂)

လင်းရှင်းသည် သူ့မေးခွန်းကို အတိအကျမဖြေဘဲ ငြိမ်နေမိသည်။

ကလေးနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် အတူထိုင်နေကြသည်။ခဏကြာတော့ တံခါးပွင့်လာပြီး ဌာနမှူးက ဖြည်းဖြည်းချင်း ဝင်လာသည်။သူ မှ ဖခင်တစ်ယောက်လိုအပြုအမူဖြင့် လင်းရှင်းယွီရဲ့ကျောပုတ်၍ပြောလာသည်။ "စိတ်မပူပါနဲ့၊အားလုံး အဆင်ပြေသွားမှာပါ"

လင်းရှင်းယွီသည် ခေါင်းငုံ့ထားသော်လည်း တုန်တုန်ယင်ယင် ဖြစ်နေပြီး ခန္ဓာကိုယ်က သူ့ရင်ထဲမှာ ခံစားနေရတဲ့ဝမ်းနည်းမှုတွေကို ထုတ်ဖော်ပြသလို့ထားသည်။

"သူမ နေကောင်းသွားလိမ့်မယ်၊သွားရအောင်။"

ကောင်လေး သည် ဌာနမှူးနဲ့တံခါးဆီသို့ အသက်မဲ့စွာ လိုက်သွားခဲ့သော်လည်း မထွက်ခင် ရုတ်တရက် လှည့်ကြည့်ပြီးတောက်ပစွာပြုံးပြခဲ့သည်။"မနက်ဖြန် ထပ်တွေ့မယ်"

လင်းရှင်းက သူ့ကိုပြောခဲ့တဲ့ခက်ထန်တဲ့စကားတွေကို မကြားခဲ့သလိုပဲ သူက ပုံမှန်အတိုင်း နှုတ်ဆက်ခဲ့သည်။

လင်းရှင်းသည် ဘေးသို့ လှည့်ထားပြီး လင်းရှင်းယွီရဲ့ကြည်လင်တဲ့ မျက်လုံးတွေကို မကြည့်ချေ။သူမ လက်သီးတင်းတင်းဆုပ်ထားလိုက်ပြီး တည်ငြိမ်စွာအသိစိတ်စုစည်းဖို့ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်အခါခါ ပြောနေခဲ့သည်။

သူတို့ထွက်သွားသည်နှင့် တံခါးပြန်ပွင့်လာပြီး ဌာနမှူးကတံခါးဝ၌ ရပ်နေသည်။

"အိပ်ချင်ယောင်ဆောင်မနေနဲ့သူ အဝေးကြီးရောက်နေပြီ"

လင်းရှင်း မျက်လုံးကိုဖွင့်၍ အားသုံးပြီး ထထိုင်လိုက်တယ်။သူမ နိုးလာကတည်းက လင်းရှင်းယွီ ရှိနေတာ ထင်ထားသလောက် မရိုးရှင်းသည်ကို သူမ သိသည်။ထင်ထားသလိုပင် ဌာနမှူး သူတို့ကို စောင့်ကြည့်နေပြီး တစ်နေရာကနေ သူတို့ရဲ့စကားဝိုင်းကို ခိုးနားထောင်နေခဲ့သည်။

အခု ဌာနမှုးက ဒီအခန်းထဲ ပြန်ရောက်လာတယ်ဆိုကတည်းက သူမကို ပြောစရာရှိလို့ပဲ။လင်းရှင်း သူမကိုဘာပြောမလဲဆိုတာ အနည်းငယ်မှန်းဆမိသည်။

ဒုတိယဇာတ်လိုက်ကိုပြုစုပျိုးထောင်လမ်းညွှန်ခြင်း။Where stories live. Discover now