Part - 1

35.9K 1.3K 18
                                    

Demon husband ❤️

by Shweyee ❤️

Uni

ကျေးငှက်လေးတွေကတကျီကျီအော်မည်နေသလို အိမ်ခေါင်မိုးထက်တွင်လည်း မီးခိုးလူလူလေးများက နေရောင်ခြည်နှင်အတူ ပြေး‌လွှားဆော့ကစားနေတော့သည် ၊ လျှပ်စစ်မီးမရှိသလို သဘာဝကိုသာ အားပြုနေကြသည့်ထိုကျေးရွာလေးတွင် ကျန်းမာရေးကောင်းမွန်လှသည့် သက်ကြီးရွယ်အို အဘိုးအဘွားများကလည်း အတူတူသွားလာလှုပ်ရှားနေသေး ၊ ရွာဦးကျောင်းမှ ‌ဘုန်းကြီးကျောင်းသားလေ သံခဲ၏ ဆွမ်းတော်ဗျို့ ဟုသည့်အသံဆာဆာလေးနှင်အတူ ဆရာတော်များဆွမ်းခံကြွခြင်းနှင့် မနက်ခင်းတစ်ခုကို စတင်လေတော့သည်......

သာယာသောဌာနီကုန်းရွာလေး မြေနီလမ်းလေးတလျှောက် ဆိတ်ကျောင်းသမားလေးများလွယ်အိတ်ကိုစလွယ်သိုင်းကာ ကြက်တောက်စီးလေးများဖြင့် သနပ်ခါးကိုထူပိန်းစွာလိမ်းထားသော ကလေးတွေက ကျောင်းတက်ရမည့်အရွယ် သို့သော်ငွေကြေးမပြည့်စုံသောရွာလေး တနေ့လုပ်မှတနေ့စားရသောအိမ်ထောင်စုတွေကများသလို ကျောင်းမနေရသောကလေးတွေကလည်းအများအပြား ခေတ်မှီတိုးတက်သောကျေးရွာလေးမဟုတ်သည့်အတွက် အခက်အခဲတွေကအများအပြားသာ လမ်းတလျှောက်ဆိတ်ချေး နွားချေး(နောက်ချေး) တွေက ရွာရဲ့အလှအပတစ်ခုလိုဖြစ်နေသည်.....

စိမ်းလန်းစိုပြေသောထိုကျေးရွာလေးက တောင်ကုန်းတခု၏ခြေရင်း နွေဘက်ဆိုလျှင်ထင်းလိုသလောက်ရသလို ကြိုက်သလောက်တောထဲတွင် ထင်းခွေနိုင်သည် ထိုရွာ၏သဘာဝဘေးအန္တာရယ်မှာ မိုးရာသီတွင်တော့ တောင်ပေါ်ရေကျသည့်အတွက်စပါးစိုက်ပျိုး၍မရချေ ၊ အများစုလက်လုပ်လက်စားများကတော့ မိုးရာသီအလုပ်ဖြစ်သောမျှစ်ချိုး ၊ ဖက်ခုတ် ၊ မှိုတူး စသည်တို့ကိုလုပ်နိုင်ပီး နွေဘက်တွင်တောင်ယာစိုက်ပျိုး ၊ အိမ်မွေးတိရိစ္ဆာန်များမွေးမြူ၍ အသက်မွေးဝမ်းကျောင်းပြုကျရသည်.......

"ဗျို့..... ဆရာလေးဘယ်သွားမလို့လဲဗျ"

အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်နေပီးဖတ်ကြမ်းလိပ်သောက်နေသော အသက်50ကျော်ဝန်းကျင်‌ရှိသည့် ဦးလေးကြီးတယောက်က ခြံရှေ့ကဖြတ်သွားသောလူငယ်‌လေးအားအားမေးလိုက်သည် လူငယ်လေးတစ်ယောက် ပုဆိုးအကွက်ကျဲကို ခပ်တိုတိုဝတ်ထားပီး ရှပ်လက်ရှည်ကိုဝတ်ပီ ဝါးဖတ်ဦးထုပ်ကိုဆောင်းထားသလို ခြေသလုံးအပတ်အသားအရည်ဝင်းလတ်မှုကတော့မနက်ပိုင်းထွက်ပေါ်လာသည့် နေရောင်ခြည်ကြောင့်ပိုမိုဝင်းလက်နေသလို ဝါးဖတ်ဦးထုပ်အောက်ကခပ်အုပ်အုပ်ဆံနွယ်လေးဖြင့် မျက်စံဝိုင်းလေးတွေ ချွန်နေသောနှာတံလေး နှင်းဆီဖူးလိုနီရဲနေသောနှုတ်ပါး ပလိုင်းတလုံးကိုလွယ်ထားပီး လက်တွင်ဓားမတစ်လက်...

Demon husband {Completed}Where stories live. Discover now