Part - 40

9.1K 428 23
                                    

Demon husband ❤️

by Shweyee ❤️

Uni

"ဥက္ကဌရယ်အားတော့နာပင်မဲ့ကျွန်တော်တို့ကနေ့လည်လောက်ပြန်မှရမှာ"

"အလုပ်ကိစ္စရှိလို့ပြန်တာပဲဗျာ .....ဗွေမယူပါဘူး"

"နောက်ကျရင်ပြန်လာလည်ပါအုံးမယ်ဥက္ကဌရယ်"

"ရပါတယ်ဆရာလေးရယ်"

"အကူအညီလိုရင်လည်းပြောနော်....ကျွန်တော်တို့တက်နိုင်သလောက်ကူညီပါ့မယ်"

"ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့အဖေရယ်"

"ဟဲ့ကောင်မလေးတွေဆရာလေးတို့စားဖို့ထမင်းပြင်ကြအုံး"

"ဟုတ်ကဲ့ပါတော့အုပ်ကြီးရဲ့"

အလှူကြီးဖြစ်သည့်အလျှောက် ရွာနီးချုပ်စက် ရပ်နီးရပ်ဝေးက ဧည့်သည်များအများအပြားလာသောကြောင့် အလှူကစည်ကားနေ၏ ထမင်းဝိုင်းလေးပြင်ထားသည်မှာစားချင်စဖွယ် ၊ ယောက်ျားချင်းလက်ထပ်ထားသည့်လူတွေမို့လို့ ရွာသားတွေကစူးစူးစမ်းစမ်းလာကြည့်ကြသလို မကောင်းအပြစ်မပြောဘဲ ပြုံးပြကာနှုတ်ဆက်ကြ၏

"ကဲကဲ.....စားကြနော်"

ငရုတ်သီးငါးပိချက်လေး ၊ ငါးခြောက်ထောင်း ၊ ငါးခြောက်တစ်ကျော် ၊ ပဲဟင်းရည်များက အဏ္ဏဝါစိတ်ကိုအတော်လေးဆွဲဆောင်နေ၏ အားလုံးမှာမြို့နှင့်မတူ အဆီအစိမ့်မရှိသော တောထမင်းများအား အားရပါးရစားနေမိတော့သည် ၊ လွန်းနှင့်ဖိုးလုံးမှာတော့ သားစေနှင့်ရှားလေးအားထမင်းခွံလိုက် သူတို့စားလိုက်ဖြင့် ၊ ရွာသားများကတော့ဟိတ်ဟန်မရှိ ၊ သူဌေးဆိုပီးမာနတရားမရှိသည့် မြို့သားတွေအား သဘောတကျကျကြည့်နေကြတော့သည်.......

##############################

အဏ္ဏဝါတို့လည်းအလှူမှပြန်ရောက်သည့်လျှင် ရန်ကုန်ကိုသာပြန်လာခဲ့ကြတော့သည် ၊ ညကျရင် ပစ္စည်းပို့ရမည်ကနယ်စပ်အထိမို့စောစောရောက်လျှင်ပိုကောင်းသောကြောင့်အားလုံးကိုနှုတ်ဆက်ကာ ထွက်လာခဲ့ကြခြင်းပင် ၊ စံအိမ်ရှိသီဟနိုင်တို့အားလည်း ရှားလေးအတွက်အသုံးအဆောင်ပစ္စည်းများ နို့ဘူးတွေကအစကြိုတင်ဝယ်ထားရန်မှာထားရသလို ဒေါ်သက်အားလည်းရှားအတွက်ဖိုးလုံးတို့အခန်းတွင် စီစဉ်ခိုင်းထားရသေး ၊ ကလေးကငယ်သေးသည်မို့ တစ်ယောက်ထားလို့မဖြစ်သေးပေ ၊ ခရီးပန်းသောကြောင့်ကလေးတွေအတွက်လည်း family doctor အားကြိုခေါ်ခိုင်းထားရသေး ၊ အားလုံးကိုအစီအစဉ်ချကာဌာနီကုန်းရွာလေးမှ ရွာသူရွာသားများအားနှုတ်ဆက်ကာထွက်လာခဲ့သလို ရွာသူရွာသားများကပေးသောခြံထွက်ပစ္စည်းများကလည်းတပွေ့တပိုက်ဖြင့် ၊ အထူးသဖြင့်တပည့်တွေကိုနှုတ်ဆက်နေသော သက်လယ်ပင် ၊ တပည့်တွေကချစ်သည့် ဆရာကောင်းတစ်ယောက်မို့ အတော်ပင်ကလေးတွေအား ဖျောင်းဖျခဲ့ရသေး၏

Demon husband {Completed}Where stories live. Discover now