Demon husband ❤️
by Shweyee ❤️
Uni
"သားသားနမည်ကဘလိုခေါ်လဲ"
"နဏ္ဏဝါတေညွှန်းပါ....လေးငယ်"
"ဘလို...လေးငယ်နားမလည်ဘူး"
အိမ်ကသခင်လေး၏ စကားကိုနားမလည်သောအိမ်ကြီးရှင်လေး၊ အိမ်တော်ထိန်းဒေါ်သက်အပါအဝင် အားလုံးမှာပြုံးစိစိဖြင့် ၊ သခင်ကြီးရဲ့ချစ်ခြင်းမေတ္တာကိုရတာ ဆန်းသည့်ကိစ္စမဟုတ်ပေ.....
"ဝုတ်ပါဘူး.....နဏ္ဏဝါတေညွှန်းပါဆို.....လေးငယ်ကလဲ....ဟွန့်...."
"ဟော...လေးငယ်ကမှနားမလည်တာကိုဗျာ.....မင်းသားလေးကစိတ်မဆိုးပါနဲ့ဗျာ"
လွန်းမှာသဘောကျစွာပါးလေးကိုဖဲ့လိုက်တော့ စေလေးကလွန်းလက်ကလေးကို လက်သေးသေးလေးဖြင့် ရိုက်ချလိုက်ပီး နှုတ်ခမ်းလေးဆူကာ ဟိုဘက်အားမျက်စောင်းလေးထိုးကာ လှည့်သွားတော့သည်.....
"သားသားကလူကြီး....ပါးလာဖဲ့နဲ့....ဟွန့်!...."
ဟား!.....
အဏ္ဏဝါမှာသဘောကျစွာရယ်လိုက်ပီး စေလေးပါးအားချစ်စနိုးဖြင့်ဆွဲဖဲ့လိုက်ကာ.....
"ငစွာလေးသက်လယ်ရေ.....လူကဖြင့်4နှစ်မပြည့်သေးဘူးလူကြီးတဲ့....အိမ်သားတွေကတော့စေလေးလို့ခေါ်တယ်...အဏ္ဏဝါစေညွှန်းတဲ့...လာ... လေးလေးဆီကို"
အဏ္ဏဝါမှာ စေလေးကကောက်ပွေ့လိုက်ပီး ဒေါ်သက်ဘက်အား တစ်ချက်လှည့်ကြည့်လိုက်တော့ အကြည့်တွေရော အသံတွေပါအပြင် အပြောအဆိုတွေပါ အေးစက်သွားတော့သည်.......
"အလုပ်သမားတွေကိုဧည့်ခန်းကိုလာခဲ့ပါလို့ပြောပေးပါဒေါ်သက်...လာ!...သက်လယ်...ဖိုးလုံးလည်းလာလေ"
အလုပ်သမားတွေမှာကြောင်အစွာ လူတိုင်းကိုစောက်ဂရုမစိုက်သောသခင်ကြီး၊ အလုပ်ကလွဲရင်ဘာမှစိတ်ဝင်စားမှုမရှိ၊ အိမ်ကိုဧည့်သည်မပြောနဲ့ အကိုဖြစ်သူတောင်မလာခိုင်း တခြားသူလက်ကိုင်ဖို့မပြောနဲ့ထမင်းစားပွဲဝိုင်းတောင်လာမထိုင်ခိုင်း စီးပွားရေးလောကရဲ့ကြောက်စရာကောင်းသောဘုရင်တပါးက သူရဲ့ချစ်သက်လယ်လေးကိုသာ အဲလိုပြုမူနေတာမြင်ရင် သူတို့ရဲ့ဦးမင်းအဏ္ဏဝါမှိုင်းမှဟုတ်ရဲ့လားဟု မေးပါလိမ့်မည်......
YOU ARE READING
Demon husband {Completed}
Actionအချစ်လား? ဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာဆိုလိုမောင့်သက်လယ်တစ်ဦးတည်းပါပဲ မောင့်လိုမကောင်းတာတွေလုပ်နေတဲ့လူတစ်ယောက်ကိုနားလည်ပေးပီးအသက်ထက်ဆုံးချစ်ပေးတဲ့မောင့်သက်လယ်ကိုမောင်ကဘဝကြီးတစ်ခုလုံးကိုလက်ဆောင်ပြန်ပေးမိပီအသက်ရယ်