Part - 2

21.1K 1.2K 33
                                    

Demon husband ❤️

by Shweyee ❤️

Uni

လွန်းတစ်ယောက်ခက်ခက်ခဲခဲဖြင့်အိမ်သို့ပြန်ရောက်ရှိလာပီ ထိုလူကိုအိပ်ခန်းထဲထည့်ကာ ရေဖက်တိုက် အနာတွေကိုဆေးထည့်ပေးလိုက်ပီး အရေးပေါ်ဆောင်ထားမိသောပတ်တီးတွေဖြင့်သာချည်နှောင်လိုက်မိသည် ၊ အမလေး!....လေးပီးကြီးလိုက်တဲ့ကိုယ်တော် သူနဲ့တော်တဲ့အင်္ကျီရှိပါ့မလား....လွန်းတယောက်တွေးစစဖြင့်သေတ္တာထဲတွင်ရှိသောအကြီးဆုံးအင်္ကျိီနှင့်လုံချည်တစ်ထည်ကိုယူလိုက်ပီးဝတ်ပေးလိုက်မိတော့သည် ၊ အင်္ကျီကသူနှင့်နဲနဲကျပ်နေသလို လက်ကလည်းတိုပီး လုံချည်ကလည်းတိုနေသေးသည်....

ဒီလူဘာတွေစားလို့ဒီလောက်တောင်အကောင်ကြီးနေတာလဲ ဟွန့်!......ငါကျတော့အကောင်သေးသေးလေး လွန်းတယောက်ကိုယ့်ကိုယ်ကိုငုံ့ကြည်ကာနှာခေါင်းရှုံ့လိုက်မိတော့သည် ဆေးလေးတလုံးအားပါးစပ်ထဲထည့်ပီး ရေလေးလည်းနဲနဲစွတ်ပေးလိုက်ပီး စောင်ပါးလေးတထည်ကိုလည်းလွှားပေးလိုက်ကာ....

"ကဲ....အားရှိအောင်အိပ်လိုက်အုံးနော်....ရေချိုးပိီးရင်ဆန်ပြုတ်ပြုတ်ပေးမယ်သိလား...နိုးရင်သောက်ရအောင်လို့နော်...ကောင်းကောင်းအိပ်....ကြားလား"

လွန်းတယောက်သူပြောချင်သမျှကို ကလေးတစ်ယောက်လို‌ပြောပီး အခန်းအပြင်သို့ပြန်ထွက်သွားလေတော့သည် ၊ လူမမာနိုးရင်စားဖို့ဆန်ပြုတ်ပြုတ်ရအုံးမည် ပီးရင်မနက်ဖြန်က‌လေး‌တွေအားစာသင်ပို့ စာတွေပြန်နွေးရအုံးမည်လေ......

##############################

"ဘလိုလဲ!....မင်းတို့တာဝန်ကျေပွန်ရဲ့လား!"

ဆိုဖာပေါ်တွင်ခြေတဖတ်ချိတ်ကာထိုင်နေသောထိုလူ ၊ 40ဝန်းကျင်အသက်အရွယ် မျက်နှာတွင်လည်းမနာလိုမုန်းတီးမှုများအထင်းသား ပေါ်လွင်နေကာ လက်တွင့်ဝေ့ရမ်းနေသောဝိုင်တခွက် စိတ်ကျေနပ်ဟန်ရှိသောကြောင့်နှုတ်ခမ်းတွင်မဲ့ပြုံးကအထင်းသားပင်...

"ဟုBoss....အပျတ်ရှင်းခဲ့ပါတယ်....သူကတောင်ပေါ်ကနေပြုတ်ကျသွားတာ....အလောင်းတောင်မတွေ့တော့ဘူး"

Demon husband {Completed}Where stories live. Discover now