Part - 36 🌚🌚🌚

11.7K 444 7
                                    

Demon husband ❤️

by Shweyee ❤️

Uni

🚫This section should not be read by anyone under the age of 16

"မောင်....ငါအရမ်းပျော်တာပဲ"

"မောင့်ကိုကောမချစ်ဘူးလား"

"ငါကမောင့်ကိုအရမ်းချစ်တာ"

"မောင်အရမ်းစားချင်နေပီ"

ဟာ!...

စကားအကောင်းပြောနေတုန်းထဖောက်လာသောမောင့်ကြောင့် လွန်းလန့်ကာထအော်လိုက်သလို လက်ကလည်းအဏ္ဏဝါအားတွန်းထုတ်လိုက်သေး ၊ သို့သော်အချည်းအနှီးသာ ၊ မောင်ကသူ့ကိုယ်တင်းကျပ်စွာ မလှုပ်နိုင်အောင် ပြန်ဖတ်ထားပီး ‌ဆံနွယ်လေးများကိုလည်းအမြတ်တနိုးနမ်းရှိုက်နေသေး.......

"မောင်ကသက်လယ်ကိုအရမ်းချစ်ချင်နေတာလေဗျာ"

"ငါလည်းမောင်နဲ့အတူတူနေချင်ပါတယ်...ဒါပင်မဲ့လေ....မောင်ကအရမ်းကြမ်းတော့ငါ့ဗိုက်ကအောင့်တက်လာတယ်...ငါအကြမ်းမခံနိုင်ဘူးမောင်"

"ဟုတ်လား.....ဗိုက်ထဲကမကောင်းဘူးလား"

"မဟုတ်ပါဘူး...ခြေတောက်ထောင်ထားတော့ဗိုက်ကအောင့်တက်လာလို့....တခါတလေကျရင်ကျင်တက်လာသလိုပဲ"

မျက်ရည်လေးများဝဲကာ မော့ကြည့်ကာပြောလာသော သက်လယ်ကြောင့် အဏ္ဏဝါစိတ်မကောင်းဖြစ်သွားသည် ၊ သူကငြင်သာမယ်ဟုပြောပင်မဲ့ မငြင်သာခဲ့ဘူးလေး ၊ သက်လယ်နှင့်ထိတွေ့မိတိုင်း စိတ်ကလွတ်ထွက်သွားသည်မှာ ကိုယ့်ကိုယ်ကိုတောင် မထိန်းထားနိုင် ၊ ပုံမှန်သဘာဝဆက်ဆံသည့်အရာမဟုတ်သလို သဘာဝကိုဆန့်ကျင်နေသော ဖြစ်စဉ်ဖြစ်သည့်အတွက် သက်လယ်အားသနားမိသွားလေ၏

"သက်လယ်နေလို့မကောင်းရင်လေ....မောင်မလုပ်တော့ဘူးနော်....ဂတိပေးပါတယ်"

မောင်ကသူနာကျင်ရသည်ဟု ပြောတော့ချက်ချင်းပင် နောက်တခါမလုပ်တော့ပါဘူးဟု ကတိပေးနေပင်မဲ့ အသွေးအသားနှင့်တည်ဆောက်ထားသည့် လူတစ်ယောက်မို့လို့ ထိုလိုအင်ဆန္ဒတွေကို ဖြည့်စည်းချင်မှာပဲလေ ၊ အရမ်းမြတ်နိုးတွယ်တာရသည့် သူ့ကိုထိတွေ့ကိုင်တွယ်လိုက်တိုင်း စိတ်ကြွတက်သောမောင့်က Toilet ထဲတွင်ဖြေရှင်းနေမည်ကို လွန်းမလိုလားပေ.......

Demon husband {Completed}Where stories live. Discover now