ချန်ချန်ကငါ့ကိုအလိုလိုက်တာ!(ပထမပိုင်း)

1.5K 108 4
                                    

Unicode

အပိုင်း ၃

" ရှောင်ရှန်းကု..... မင်းငါတို့ကိုဘာတွေ လျှိ့ဝှက်ထားသေးလဲ အကုန်ဖော်တော့ကွာ.... "

ကျန်းချန်ဖုန်း ထွက်သွားတာနဲ့ အတန်းထဲက သူငယ်ချင်းသုံးယောက်မှာ အနားကိုခွေးပြေး၊ဝက်ပြေးနဲ့ ရောက်လာကြပြီး တစ်ယောက်တစ်ပေါက်နဲ့ အမေးမြန်းစထူပါတော့သည်။

ရှန်းကုက သူမှတ်ဥာဏ်ထဲကအတိုင်း သူ့သူငယ်ချင်းတွေကိုသေချာမှတ်သားလိုက်ပြီးတာနဲ့ ဆရာကြီးအထာဖြစ်

" ငါကဘာလျှိ့ဝှက်ထားရမှာလဲ... အခုလူတစ်ယောက်လုံးခေါ်လာပြီးပြီလေ လျှိ့ဝှက်ချက်ဆိုတာမြူမှုန့်လေးမျှတောင် မရှိတော့ဘူး "

သူငယ်ချင်းသုံးယောက်က အချင်းချင်းလှည့်ကြည့်ကြည့်နေကြသည်။ သူတို့သူငယ်ချင်းတွေက ငယ်ငယ်ကတည်းခင်မင်လာတဲ့သူတွေဖြစ်တယ်။ သူတို့ထဲက လင်းချိုး၊ ကျောက်ရှင်းလီ ဆိုတဲ့ကောင်လေးနှစ်ယောက်က သန်မာထွားကြိုင်းပြီး အရပ်အတော်လေးမြင့်တဲ့သူပင်။ ရှန်းကုနဲ့ နောက်ထပ် ရှီဝမ်းရီ ဆိုတဲ့သူငယ်ချင်းနဲ့မှာ သူတို့နဲ့မတူ အရပ်သိပ့်မရှည်ကြပဲ အသားအရည်ကလည်း ဖြူဖျော့ပြီး နူးညံပုံပေါ်သည်။

ရှန်းကုက ပုံစံတွေကိုသေချာကြည့်မိပေမဲ့ ဒါကမိသားစုနဲ့ ကိုယ်ဇာတိနဲ့ကိုယ်ဆိုပြီး ဂရုမစိုက်ခဲ့ပေ။

ရှီဝမ်းရီ ကရှန်းကုပုခုံးပေါ်လက်တင်လိုက်ပြီး

" ဟင်း...မင်းလက်ထပ်သွားတယ်ဆိုတဲ့သတင်းနဲ့အတူ နောက်ထပ်မင်းအကြောင်းမကောင်းသတင်းတွေ အများကြီးတက်လာသေးတယ်။ "

လင်းချိုးက ခေါင်းတစ်ညိမ့်ညိမ့်ဖြစ်

" ဟုတ်တယ်။ အခုတော့မင်းတို့အတော်လေးအဆင်ပြေနေတာပဲ့.... "

ရှန်းကုက

" ဒါပေါ့...ချန်ချန်ကငါ့ကိုသိပ်အလိုလိုက်တာ"

ဒီစကားကို တစ်ခြားဘက်ကထိုင်နေတဲ့ ကျိုးရင်းသူငယ်ချင်းတွေကြားအောင် ချွဲနွဲ့ပြောလိုက်သေးသည်။ ဒါကိုဖြူစင်ကြတဲ့သူငယ်ချင်းလေးတွေက အူယားဖားယားဖြစ်သွားကြသည်။

Am I the mafia's wife?Where stories live. Discover now