ကလေးလိုချင်သွားတဲ့ အမူးသမားလေး ရှန်းကု!

1.2K 90 7
                                    

Unicode

အပိုင်း ၅

ကျန်းချန်ဖုန်း ထိုကလေးဆီရောက်တော့ အတော်လေးသောင်းကြမ်းနေတာကို တွေ့လိုက်ရသည်။

အရက်ပုလင်းကို မိုက်လုပ်ပြီး သီချင်းတွေတောင် အော်ဆိုနေသေးတယ်။ တစ်ချို့လူတွေကလည်း မူးမူးနဲ့အားပေးနေကြသေးတယ်။

ရှန်းကု : " ချန်ချန်နဲ့ ကလေးတွေမွေးမယ် ရို့ ရို့ ...."

ကျန်းချန်ဖုန်း : " ! "

Bossကျန်းမှာ ချက်ခြင်းထိုကောင်လေးအနားကို လျှောက်သွားကာ ပုလင်းကိုင်ထားတဲ့ လက်ကိုဆွဲလိုက်သည်။

" အဆိုးလေး အိမ်ပြန်မယ် "

ရှန်းကုက ကျန်းချန်ဖုန်းကို မြင်တာနဲ့ ပုလင်းကိုပါးစပ်အနားပြန်တေ့လိုက်ပြီး အကျယ်ကြီးအော်ဆိုတော့သည်။

" ချန်ချန် is my husband ~~~ My husband is calling me ~~~~~~~~~~~~ "

" ဟူးးးး ကုကု! အိမ်ရောက်မှ ရှင်းရအောင် "

ရှန်းကုက ချန်ဖုန်းရဲ့လေသံမာမာကြောင့် မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်သည်။

ကျန်းချန်ဖုန်းကလည်း ထိုကလေးသူ့ကို ကြောက်သွားတယ်အထင်နဲ့ ပြန်ချော့သည်။

" အရင်ဆုံးအိမ်ပြန်မယ် ကြည့်စမ်းပါဦး အရက်တွေဒီလောက်သောက်ထားတာ "

ရှန်းကုက ပုလင်းကိုချလိုက်ပြီး ခေါင်းငြ်ိမ့်သည်။ ရှန်းကုနာခံသွားသည်ကိုမြင်တော့ ကျန်းချန်ဖုန်း ခေါင်းခါလိုက်သည်။

ဒီကလေးက အချော့ကြိုက်တာပဲ့...

ရှန်းကုက ယိုင်တီးယိုင်တိုင်နဲ့ ချန်ဖုန်းကိုမှီပြီး လမ်းလျှောက်လိုက်တယ်။ ဒါမဲ့ရုတ်တရက်ကြီး ဗိုက်ထဲကထိုးအောင်လာပြီး နာကျင်လာတယ်။ နာကျင်မှုက ပြင်းလွန်းတော့ ခြေထောက်တွေမခိုင်တော့ပဲ လဲကျသွားရသည်။ မြေပြင်နဲ့မွှေးမွှေးပေးရတော့မည် ထင်ပေမဲ့ ချန်ဖုန်းကပွေ့ဖက်လိုက်ပြီး စိတ်ပူစွာကြည့်လာသည်။

နဘေးကလူတွေကလည်း သူတို့ကိုစိတ်ဝင်စားနေကြတာမို့ ရှန်းကု လဲကျသွားတော့ အားလုံးအကြည့်တွေက ပိုရောက်လာတော့သည်။

Am I the mafia's wife?Where stories live. Discover now