စိတ်နေမကောင်းဘူး!

1.3K 96 11
                                    

Unicode

အပိုင်း ၆

" ကုကု .... ရှန်းကုရေ "

ရှန်းကု ကအိပ်မက်ထဲမှာ ပျောက်ကွယ်သွားသည့် ရှန်းကုအသံကြားလိုက်ရသည်။ သူကဘယ်နေရာကခေါ်နေတာလဲဆိုတာ ကြိုးစားရှာကြည့်ပေမဲ့ အမှောင်ထုက လွဲပြီးဘာမှမတွေ့ခဲ့ရဘူး။

ရှန်းကုနိုးလာပြီးနောက် ခဏမျှတွေးတောလိုက်သည်။

ရှန်းကုအသံကြားလိုက်တာသေချာပါတယ်။ သူရှိနေတုန်းလား။

သူတွေးနေတုန်း နဘေးကခပ်သြသြအသံကို ကြားလိုက်ရသည်။

" ကုကု ခေါင်းမူးနေလား။ ဗိုက်ရောအဆင်ပြေရဲ့လား "

ရှန်းကုက သူ့ကိုစိုးရိမ်တဲ့အသံနဲ့ မေးမြန်းနေတဲ့ ချန်ဖုန်းကိုမြင်တော့ စိတ်မလုံသလိုခံစားလိုက်ရသည်။

ငါကရှန်းကုပိုင်တဲ့သူကို လုယုထားမိနေတာ။ တကယ်တော့ငါနဲ့ ဘာမှမဆိုင်ပါဘူး။

သူကကျန်းချန်ဖုန်းကို အပြုံးဖျော့ဖျော့လေးသာ ပေးလိုက်နိုင်သည်။

ချန်ဖုန်းက ရှန်းကုတစ်ခုခုဖြစ်နေတာ ခံစားမိရတယ်။ သူက အခုဒီကောင်လေးကို ဘာထိခိုက်မှုမှ မရှိစေချင်ဘူး။

" ကုကု တစ်ခုခုဖြစ်နေရင် ကိုယ့်ကိုပြော ကိုယ်ဒီနေ့ကျောင်းခွင့်တိုင်ပေးမယ် နောက်နေ့မှ ကျောင်းသွားတော့ "

ရှန်းကုက သူအခုအတော်လေး စိတ်မကောင်းဖြစ်နေတယ်။ သူ ကျန်းချန်ဖုန်းကို ကြည့်လိုက်တိုင်း သူကမကောင်းတဲ့သူဟု ခံစားနေမိသည်။

ပျောက်ကွယ်သွားတဲ့ရှန်းကုအတွက် ခံစားနေရတယ်။

ရှန်းကု တွေးနေတုန်း ဗိုက်ကဗလောင်ဆူလာသည်။ သူမနေ့က တစ်နေ့လုံးအိပ်နေပြီး နောက်တစ်နေ့ရောက်မှ နိုးလာခဲ့တာသတိရသွားတယ်။

ချန်ဖုန်းက ရှန်းကုအတွက် အသင့်ပြင်ပေးထားပြီးသားပင်။ သူကအိမ်တော်ကနေ စားစရာတွေ ထုတ်ပိုးလာခဲ့တယ်။ လူနာကုတင်မှာအသင့်ပါသည့် ခေါက်စားပွဲလေးထုတ်ကာ တင်ပေးလိုက်တယ်။

ရှန်းကုက ဘာမှမပြောပဲ စားစရာကိုသာ ထုတ်ယူပြီး ငြိမ်ငြိမ်ကုတ်ကုတ်လေး စားနေသည်။

Am I the mafia's wife?Where stories live. Discover now