ချန်ချန်က ငါ့လောင်ကုန်းကွ : }

1K 75 2
                                    

Unicode

အပိုင်း ၈

" ချန်ချန် ဘာလို့အပေါ်လိုက်လာတာလဲ ကျွန်တော့ကိုစိတ်ပူလို့လားဟင် "

ချန်ဖုန်းက အိမ်ပြန်သည့် တစ်လမ်းလုံးတိတ်နေတာကြောင့် ရှန်းကုစနောက်‌သလိုလေး ပြောလိုက်တယ်။

ချန်ဖုန်းက ငုံ့ကြည့်လာပြီး

" ဒီနေ့ကိုယ်ဘာပြောလဲ "

ရှန်းကု မျက်လုံးလေးပေကလပ်လုပ်လိုက်တယ်။

ချန်ချန် ဒီနေ့ဘာပြောထားပါလဲ။

ချန်ဖုန်းမှာ ထိုအပြုအမူလေးကြောင့် စိတ်တိုနေတာတွေ ဘယ်ပျောက်သွာမှန်းမသိပဲ နှလုံးသားလေးအရည်ပျော်လာရသည်။

" ဒီနေ့ ကျောင်းမသွားဖို့ မပြောခဲ့ဘူးလား နောက်ဆို ကိုယ့်စကားနားထောင်ရမယ်နော် "

ရှန်းကု ခေါင်းကိုအဆက်မပြတ် ငြိမ့်ပြလိုက်တယ်။ ချန်ဖုန်းက သူ့ခေါင်းကိုအသာလေး ပုတ်ပေးခဲ့ပြီး နီရဲနေတဲ့ လက်ကောင်ဝတ်လေးကို အသာလေးနှိပ်ပေးနေခဲ့တယ်။ ဒါမှအဆစ်တွေလွဲမသွားမှာ။

နီရဲနေသည့်လက်လေးကို မြင်ရတော့ချန်ဖုန်း သူထိုကလေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ ကိုယ့်ကိုယ်ကိုဒေါသထွက်ရသည်။

ကုကုလေးကို ဒဏ်ရာရအောင်လုပ်တဲ့သူမှန်သမျှ လွှတ်ပေးမှာမဟုတ်ဘူး။

ကျန်းချန်ဖုန်းရဲ့ ကြောက်စရာဖြစ်သွားသည့် မျက်လုံးတွေကို အာရုံလွင့်နေပြန်သည့် ရှန်းကုလေးမမြင်လိုက်လေဘူး။

ထိုအကြည့်ကို ကားအနောက်ကြည့်မှန်ကတစ်ဆင့် မြင်သွားသည့် ရှောင်ဟွမ်မှာ အသည်းထဲထိတောင် အအေးဓာတ်တွေကို ခံစားလိုက်ရသည်။

" Boss အိမ်တော်ရောက်ပါပြီ "

ရှောင်ဟွမ်ပြောတာကြောင့် ရှန်းကုပြန်သတိဝင်လာသည်။ ရှန်းကု ချန်ဖုန်းနဲ့အတူအိမ်တော်ထဲအတူတူ လျှောက်ဝင်လိုက်။ သူရောက်လာကတည်းက အိမ်တော်ကိုလှည့်မကြည့်ရသေးဘူး။

အိမ်က ကြီးမားပြီးတော့ အိမ်ရှေ့ဆင်ဝင်မှာတောင် ကားနှစ်စီး လွတ်လွတ်လပ်လပ်ထားနိုင်သည့် အကျယ်ရှိသည်။ တံခါးမကြီးကို ကျွန်းသားသစ်သားဖြစ်ပြုလုပ်ထားပြီး ဝင်လိုက်တာနဲ့ နံရံပေါ်မှာနဂါးနဲ့ဖီးနစ်ငှက်တို့ကို အနက်ပေါ်မှာ အဖြူအနီသုံးပြီးရေးဆွဲထားသည့် ပန်းချီကြီးကို မြင်ရလိမ့်မည်။ ဒါကအရမ်းမိမိုက်လွန်းတယ်။

Am I the mafia's wife?Where stories live. Discover now