1.

8.4K 417 18
                                    

Unicode

'ဒေါက် ဒေါက်'

တံခါးနှစ်ချက်မျှဆင့်၍ ခေါက်သံကြောင့် သူငယ်ချင်းနှစ်ယောက် ပစ္စည်းများနေရာချနေရင်းမှ လုပ်လက်စအလုပ်များကိုရပ်တန့်ရင်း အသံလာရာသို့တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

''ဝင်ခဲ့လေ "

မနိမ့်မမြင့်အသံတစ်ချက်ပြုလိုက်ပြီးနောက်မှ ပစ္စည်းများနေရာချခြင်းကို ဆက်လက်၍ မဆိုင်းမတွပင် လုပ်ဆောင်ကြသည်။

ဒီနေ့က ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားကြမည့် ကျောင်းသားများ၏ ပထမဆုံးကျောင်းတက်ရက်ဖြစ်ပေမယ့် ဒုတိယနှစ်ကျောင်းသားများပီပီ တက္ကသိုလ်၏ အထာကို လူရည်လည်နေကြပြီမို့ အတန်းပင်မတက်ဘဲ အဆောင်၌ ပစ္စည်းများအား နေရာချနေကြခြင်းဖြစ်သည်။

ပထမနှစ်တုန်းက ပင်းယဆောင်၌ နေထိုင်ခဲ့ကြရပြီး ဒုတိယနှစ်မှာတော့ တောင်ငူဆောင်သို့ပြောင်းရွှေ့ရသည်မို့ ပစ္စည်းများကို ဟိုရွှေ့ဒီရွှေ့လုပ်နေရင်းနှင့်ပင် အချိန်အတော်ကုန်လေသည်။

ပင်းယဆောင်မှာတုန်းကတော့ မြေညိီထပ်၌ နေခွင့်ရခဲ့သည်မို့ ပစ္စည်းများနေရာချခဲ့ရသည်မှာ သိပ်ပင် မပင်ပန်းခဲ့ပေ။

ယခုတောင်ငူဆောင်၌တွင်တော့ ပထမထပ်၏ထောင့်စွန်းခန်းရသည်မို့ လှေကားနှင့်နီးပေမယ့် လှေကားနှင့်တက်နေရသည် ဟူသောအသိက သူ၏ပျင်းရိလှသောစိတ်အစဥ်ကိုပိုမိုပျင်းရိကာ ပင်ပန်းစေလေသည်။

အုတ်နီနီများနှင့်ကာရံထားသော အခန်းသည်က ကျောင်းသားနှစ်ယောက်နေထိုင်ရန်သတ်မှတ်ထားပြီး အခန်းတစ်ခန်းစီ၌ နံရံတစ်ဖက်တစ်ချက်စီကပ်ထားသော သစ်သားကုတင်နှစ်လုံး သစ်သားစာကြည့်စားပွဲနှစ်ခုတို့ဖြင့် အစီစဥ်တကျရှိနေသည်။
ပြတင်းပေါက်တစ်ပေါက်နှင့် တံခါးမ တစ်ချပ်ပါသောအခန်းက ယောကျ်ားလေးနှစ်ယောက်နေထိုင်ဖို့တော့ အတော်အသင့်အဆင်ပြေသည်ဟု ပြောလို့ရသည်။

ပစ္စည်းများနေရာချပြီးရင်တော့ အင်္ဂလိပ်ဌာနကကောင်တွေနဲ့ လသာ ၁၉လမ်း၌ ညလုံးပေါက် အပြတ်ကဲကြမည်ဟု ချိန်းဆိုထားတာမို့ လုပ်လက်စအလုပ်ကိုခပ်သွက်သွက်လုပ်နေကြခြင်းဖြစ်သည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now