7.

2.5K 231 4
                                    

Unicode

မိုးရာသီအားကစားပြိုင်ပွဲများ စတင်ကျင်းပသည့်နေ့ဖြစ်တာမို့ RCအဆောင်ထဲရှိ ပွဲကြည့်စင်တစ်ဖက်တစ်ချက်၌ ကျောင်းသားများမှာ ဟိုတစ်စု ဒီတစ်စုဖြင့် အများအပြားရှိနေကြပေသည်။

ပွဲကြည့်စင်၏ အလယ်၌တွင်တော့ ခြင်းခတ်အလှပြနေသည့်သူများ ကရာတေးဒိုအလှပြနေသည့်သူများ စသဖြင့် အားကစားသမားများမှာလည်း စုံစုံလင်လင်ရောက်ရှိနေကြပြီဖြစ်သည်။

ပွဲစတင်ကျင်းပချိန်သာရှိသေးတာမို့ ပြိုင်ပွဲများမလာသေးဘဲ အားကစားသမားများမှာ သူတို့သန်ရာသန်ရာ ကစားနည်းများဖြင့် အလှပြကွက်များဖြင့်သာ ပွဲကြည့်ပရိသတ်များအား ဖျော်ဖြေနေကြခြင်းဖြစ်သည်။

ပွဲကြည့်စင်၏ ရှေ့ဆုံးခုံထောင့်စွန်း၌ထိုင်နေသည့် မင်းချမ်းမွန်၏ အကြည့်များဟာတော့ ခြင်းအလှပြကွက်အား လှလှပပကစားပြနေသည့် ကံ့ကော်သက်လွင်ဆီ၌သာ အာရုံအလုံးစုံရောက်ရှိနေတာဖြစ်သည်။

မင်းချမ်းမွန်သည် ကံ့ကော်သက်လွင်ကို သဘောကျပါသည်။

ဘယ်အချိန်ကတည်းက စတင်သဘောကျခဲ့မှန်းတော့ အချိန်အတိအကျမသိပေ။

စံအိမ်တော်မှာ စတွေ့ခဲ့စဥ်တုန်းကတော့ သဘောမကျသေးတာသေချာပါသည်။

ဒါဆို တောင်ငူဆောင်ရောက်မှ သဘောကျတာလားဆိုတော့လည်း အဖြေဟာ ဝေဝေဝါးဝါးနှင့်ပင်။

သို့ပေမယ့်လည်း ကံ့ကော်သက်လွင်ကိုသဘောကျသလားဆိုရင်တော့ တုံ့ဆိုင်းမှုမရှိ သဘောကျပါသည်ဟု ဖြေမည်ဖြစ်ပါသည်။

ထို့ကြောင့် မင်းချမ်းမွန်သတ်မှတ်သော သဘောကျစိတ်သည် အချိန်ကန့်သတ်မှုမရှိဘူးဟူ၍။

ကံ့ကော်သက်လွင်အိပ်စက်နေတဲ့အချိန် ခပ်ဖွဖွဖိပိတ်ထားသော မျက်ခွံအစွန်အဖျားနားက မျက်တောင်ရှည်သွယ်သွယ်လေးတွေကိုလည်း သဘောကျတာပဲ။

မနက်စာကို အားပါးတရစားတတ်တဲ့ ကံ့ကော်သက်လွင်ရဲ့ မပိန်မဖောင်းပါးလေးတွေကိုလည်း သဘောကျတာပဲ။

​ကံ့ကော်သက်လွင်ရဲ့ပန်းရင့်ရောင်နှုတ်ခမ်းပါးလေးကော့တက်သွားတဲ့အချိန် သွားချွန်ချွန်လေးတွေပေါ်လာတဲ့အချိန်တွေကတော့ ​ယုယထွေးပွေးချင်စရာအကောင်းဆုံးသောအချိန်တွေဖြစ်ပေလောက်မည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now