S2- 2

1.7K 123 9
                                    

ကံ့ကော်သက်လွင်တို့ ဘုန်းကြီးကျောင်းမှပြန်လာတော့ ညနေ ၄နာရီပင်ရှိနေပြီဖြစ်သည်။

အသွားတုန်းက ကားမောင်းပေးသော ကိုအောင်အောင်က အလုပ်ကိစ္စနှင့်အရင်ပြန်နှင့်တာမို့ အပြန်ခရီး၌ ကံ့ကော်သက်လွင်ကိုယ်တိုင် ကားမောင်းလာခဲ့သည်။

ဂျစ်ကားလေးအား ကျွမ်းကျင်စွာမောင်းနှင်နေပါသောသက်လွင်အား သက်လွင်၏ဘေးခုံ၌ထိုင်၍ လိုက်ပါလာသော မောင်က အံ့သြသလိုကြည့်နေတာမို့ သက်လွင်မှာ ခိုးပြုံးလိုက်ကာ ချောင်းတစ်ချက်ဟန့်ရင်းဖြင့်

''အဟမ်း! ငါ့မျက်နှာမှာ ဘာပေနေလို့လဲ မောင် ''

သက်လွင်မေးတော့ မောင်က ခေါင်းခါပြကာဖြင့် သူသိချင်သောအရာအား မေးလာခဲ့သည်။

''သက်လွင် ဘယ်တုန်းကကားမောင်းတတ်သွားတာလဲ ''

''သြော်....ငါ ဘွဲ့ရပြီးချက်ချင်း မိုးကုတ်ဘက်မှာအလုပ်လာလုပ်တော့ ဒီကသူဌေးတွေက ကားတွေရှိတယ်လေ ငါက သူတို့ကားတွေလိုက်စီးရင်းနဲ့ လိုရမယ်ရဆိုပြီး ငါပါကားမောင်းသင်ထားလိုက်တာ''

သက်လွင်ပြောပြီးမှ တစ်ခုခုကိုသတိရသွားတာမို့ မောင့်အား အလျင်အမြန်အကဲခတ်လိုက်တော့ မောင်က မျက်နှာပျက်သွားခြင်းမရှိဘဲ ခပ်အေးအေးနှင့် ခေါင်းတညိတ်ညိတ်လုပ်နေတာမို့ အခုမှ စိတ်သက်သာရာရသွားသလိုခံစားလိုက်ရသည်။

မောင်က ပထမနှစ်ပြီးသည့်နောက် ကျောင်းဆက်မတက်တော့တာမို့ သက်လွင်ဘွဲ့ရတဲ့အကြောင်းမျိုးကြားရင် မောင်သိမ်ငယ်နေမှာမျိုးကိုမလိုလားတာမို့ အခုနေထိုင်တဲ့အိမ်၌တောင် သက်လွင်၏ ဘွဲ့ဓာတ်ပုံအားမချိတ်ဆွဲထားပေ။

မောင့်ကို အပြုအမူနဲ့မပြောနဲ့ စကားလေးတစ်ခွန်းနဲ့တောင်မှ သိမ်ငယ်ရမှာမျိုး စိတ်မလုံမခြုံဖြစ်ရမှာမျိုးကိုမလိုလားသည်အထိ သက်လွင်က အဲ့သည်လောင်တောင် မောင့်ကိုချစ်ပါ၏။

ကံ့ကော်သက်လွင် မောင့်အား အရိပ်တကြည့်ကြည့်လုပ်နေရင်းမှ ကားနောက်ခန်း၌ထိုင်နေသော မသစ္စာက စကားစလာခဲ့သည်။

''ညနေလည်းစောင်းတော့မှာဆိုတော့ အမတို့ ညစျေးတန်းလေးမှာပဲ ညစာဝင်စားလိုက်ကြတော့မလား ပြန်ရောက်ရင်အကုန်ပင်ပန်းနေကြပြီဆိုတော့လေ ''

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now