3.

3.1K 277 15
                                    

Unicode

''​နိုးပြီလား ကိုသက်လွင် ''

အိပ်ရာနိုးနိုးချင်း ကြားရသော အသံချိုမြမြသည် ရက်သတ္တပတ်တွေအများကြီးကို ကျော်လွန်အပြီးအထိတောင်မှ ကံ့ကော်သက်လွင်အတွက် မရိုးသွားသေးဘဲ နားထောင်ချင်စရာအမြဲကောင်းတဲ့ အသံတစ်ခုပင်ဖြစ်နေသေးသည်။

မင်းချမ်းမွန်ဟာ ကံ့ကော်သက်လွင်မနိုးခင် အမြဲတမ်းဝတ်စုံအပြည့်နှင့်သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတတ်ပြီး ကံ့ကော်သက်လွင်အား 'နိုးပြီလား' ဟူသော အမေးစကားကို မနက်တိုင်း တာဝန်တစ်ခုကဲ့သို့ပြောတတ်သူဖြစ်သည်။

အစကတော့ ကံ့ကော်သက်လွင်အနေနဲ့ကြောင်အမ်းအမ်းဖြစ်ခဲ့ပေမယ့် နေ့တိုင်းလိုလိုမြင်တွေ့နေရတော့ သာမာန်ဖြစ်ရပ်တစ်ခုလိုပင် နေသားတကျနှင့် ။

မင်းချမ်းမွန်က ဘာလို့ ကံ့ကော်သက်လွင်ကို 'နိုးပြီလား' ဟု အမြဲမေးတာလဲဆိုရင်တော့ ကံ့ကော်သက်လွင်ကို မနက်စာကျွေးဖို့ပင်ဖြစ်သည်။

ဟုတ်သည်၊ အဆောင်ကို စရောက်စဥ်ကတည်းက ကံ့ကော်သက်လွင်နိုးလာတိုင်း 'နိုးပြီလား' ဟု မေးပြီးတာနှင့် သူဟာ ညတုန်းက ကံ့ကော်သက်လွင်မသိအောင် ကံ့ကော်သက်လွင်ရဲ့ ဖောင်တိန်လေးကို အလောတကြီးယူသုံးမိပါတယ်ကစပြီး ကံ့ကော်သက်လွင်ရဲ့ ဖိနပ်ကို မတော်တဆ နင်းမိတာ အားနာသည်ဟူသော အကြောင်းပြချက်သေးသေးလေးတွေအဆုံး  ကံ့ကော်သက်လွင်အား 'အားနာသည်' ဟူသော ခေါင်းစဥ်အောက်၌ စားချင်စဖွယ်မနက်စာတွေကို ကျွေးမွေးတတ်သော သူ တစ်ယောက်ဖြစ်သည်။

အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတွေကို အနည်းငယ်အလုပ်ပေးလိုက်တော့ သူ၏ ကုတင်ခေါင်းရင်း၌ ခပ်လျောလျောမှီထိုင်ကာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသော မင်းချမ်းမွန်အားတွေ့လိုက်ရသည်။

မင်းချမ်းမွန်ကတော့ မင်းချမ်းမွန်ပီသစွာပင်၊ စာအုပ်ဖတ်နေတာတောင် အေးအေးချမ်းချမ်းနှင့် ငြိမ်ငြိမ်ကလေးဖတ်နေတာမျိုး။

''ရေမြုပ်မွေ့ရာကြီးနဲ့ပါလား ကိုချမ်းမွန် ကျွန်တော် ညကသတိတောင်မထားမိလိုက်ဘူး ''

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now