Chapter 19

3.8K 643 44
                                    

(unicode)

Smacking an unruly child

ကျောင်းယွီဖန်က သူ့ကိုအနည်းငယ်ကြောက်ရွံ့သောကြောင့် ဆိုဖာပေါ်တွင်ပြန်ထိုင်နေလိုက်သည်။ အထင်သေးသလိုနှာတစ်ချက်မှုတ်လိုက်ရင်း တိုးတိုးပြောလိုက်သည်။

“သူကဘာတွေများတော်နေလို့လဲ”

ရွှမ်းရွှမ်းက ပျမ်းကျင်းယွမ်ရဲ့လက်ကိုကိုင်ပြီး မေးလာသည်။ “ကောကော ဘာလို့အိမ်ပြန်နောက်ကျနေတာလဲ”

ကောကောသာ အိမ်စောစောပြန်လာရင်ကောင်းမည်ဟု ရွှမ်းရွှမ်းတွေးမိသည်။ ထိုသို့ဆိုလျှင် ကျောင်းယွီဖန်က သူ့ဆီမှ Tmall genie ကိုဆွဲလုရဲမည်မဟုတ်ပေ။

ပျမ်းကျင်းယွမ်က သူ့ခေါင်းကိုပွတ်ပေးရင်း ညင်သာစွာပြောလိုက်သည်။ “ဆိုင်မှာ ကိစ္စတစ်ခုပေါ်လာလို့ အိမ်ပြန်နောက်ကျသွားတာ။ ဒါပေမဲ့ ကော ကိတ်ဝယ်လာခဲ့တယ်”

သူကကိတ်ကို ရွှမ်းရွှမ်းအားပြလိုက်သည်။ ရွှမ်းရွှမ်းက ပျော်မြူးစွာနဲ့အော်လိုက်သည်။ “ကိတ်”

ရွှမ်းရွှမ်းက ကျေနပ်ဖို့လွယ်သည်ဟု လုယွင်ဖေးတွေးမိသည်။ သူဒေါသထွက်သည့်အခါတိုင်း ပြန်ပျော်သွားရန် ငါးမိနစ်ပင်မကြာလိုက်ပေ။

ကျောင်းယွီဖန်လည်း ပျမ်းကျင်းယွမ်၏စကားကိုကြားကာ သူ့မျက်လုံးများကလည်း တောက်ပလာသည်။ သူလည်းချွဲလိုက်သည်။ “ကော ကိတ်စားချင်တယ်”

ပျမ်းကျင်းယွမ်က အေးစက်စက်သာပြန်ပြောလိုက်သည်။ “မင်းအတွက်မပါဘူး”

ကျောင်းယွီဖန်က လျှောက်လာရင်းဖျောင်းဖျသည်။ “ကော ကိတ်နည်းနည်းလောက်ကျွေး။ ဒါမှမဟုတ် ကောဆီကဝယ်ရမယ်ဆိုလည်းရတယ်”

ပျမ်းကျင်းယွမ် သူ့ကိုလျစ်လျူရှုလိုက်ပြီး ကိတ်ကိုရေခဲသေတ္တာထဲထည့်လိုက်ရင်း ကျောင်းယွီဖန်ကို ပြောလိုက်သည်။ “ကောင်းကောင်းထိုင်မနေဘူးဆိုရင် ထွက်သွားလိုက်တော့”

ကျောင်းယွီဖန်လည်း ရွေးချယ်စရာမရှိ၍ ပြန်သာထိုင်နေရတော့သည်။

လုယွင်ဖေး ကိတ်ကိုရေခဲသေတ္တာထဲ ထည့်လိုက်သည်ကို ကြည့်ပြီး နှမြောစရာကောင်းသည်ဟုတွေးမိသွားသည်။

တီမောလ်ဂျင်းနီ (Completed)Where stories live. Discover now