Bian JinYaun Loathes Aunt Jiang Fang
(Unicode)
ကျန်းဖန်းက ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့် သက်လတ်အရွယ်အမျိုးသမီးတစ်ယောက်ပင်။ ဆံပင်ကိုကောက်ထားပြီး ဒေါက်မြင့်ဖိနပ်ကိုစီးထားကာ ရွှေဖြင့်လုပ်ထားသည့်လက်ဝတ်လက်စားများကို လက်များနှင့်လည်ပင်းတွင် ဆင်ထားသည်။
ကျောင်းယွီဖန်က သူ့အမေရောက်လာသည်ကိုမြင်သည့်အခါ ပျမ်းကျင်းယွမ်ကို အဝေးသို့တွန်းလိုက်ရင်း အမေဖြစ်သူကို ပြေးဖက်ကာငိုသည်။ တရှုံ့ရှုံ့ငိုရင်း သူ့အမေကိုမကျေနပ်ချက်များတိုင်ပြောတော့သည်။
ကျန်းဖန်းက သူ့သားငိုနေသည်ကို သနားလာရကာ စိတ်ဆိုးစွာဖြင့်ပြောဆိုသည်။ “ပျမ်းကျင်းယွမ် ဒါကဘာဖြစ်တာလဲ။ မင်းလို ကောကောမျိုးက ဘယ်လိုလုပ်ရှိတာလဲ။ တိတိကိုရိုက်ရအောင် မင်းမှာရိုက်ခွင့်ရှိလို့လား”
လုယွင်ဖေး ရွဲ့ရွဲ့စောင်းစောင်း တွေးမိသွားသည်။ သူက အဒေါ့်ရဲ့သားလို သူများကိတ်ကိုခိုးရတဲ့အထိ မတော်တဲ့အပြင် သူများတိတိကိုပင် မကောင်းကြံလိုက်သေးသည်။
ပျမ်းကျဲ၏စိတ်ထားက သိမ်မွေ့သော်လည်း သူ(မ)က အမြဲပျမ်းကျင်းယွမ်ကိုကာကွယ်ပေးသောကြောင့် ဝင်ပြောလိုက်သည်။ “ရှောင်းယွမ်က အကြောင်းမရှိဘဲ သူ့ကိုရိုက်မှာမဟုတ်ပါဘူး။ အကြောင်းရင်းရှိလို့နေမှာပါ”
“ဘာအကြောင်းနဲ့လဲ။ အကြောင်းရင်းကဘာပဲဖြစ်ဖြစ် ဖန်ဖန့်ကို လက်နဲ့မရွယ်သင့်ဘူး။ သူ့အသက်က ဘယ်အရွယ် ဖန်ဖန်က ဘယ်အရွယ်မလို့လဲ။ ဖန်ဖန့်ကို လုပ်ချင်တာလုပ်ခွင့်မပေးတာကရတယ်။ ဒါပေမဲ့ သူကဖန်ဖန့်ကိုတောင် အနိုင်ကျင့်လိုက်သေးတယ်။ ငါဂရုမစိုက်ဘူး။ ဖန်ဖန့်ကိုပြန်တောင်းပန်မှရမယ်”
ရွှမ်းရွှမ်းက ပျမ်းကျင်းယွမ်ဘေးသို့ ပြေးသွားပြီး ကျန်းဖန်ကိုဆိုလိုက်သည်။ “ဖန်ဖန်ကောကောလုပ်လို့ ကိတ်ပြုတ်ကျသွားတာ”
“ကိတ်က ဘယ်လောက်တန်နေလို့လဲ။ မင်းတို့ကို ပိုက်ဆံပြန်လျော်ပေးမယ်။ ပျမ်းကျင်းယွမ် ငါ့သားကိုပြန်တောင်းပန်လိုက်”

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras