အပိုင်း(၃၃)

1.6K 113 6
                                    

မနက်စာစားသောက်ပြီးသွားကြတော့ တဖန်ခရီးထပ်ဆက်ကြပါသည်။

မနက်မိုးလင်းလည်းဖြစ်ပြီး အိပ်ရေးတွေလည်းဝနေကြတာမို့ လမ်းခရီးရှုခင်းကြည့်သူကကြည့် အပြန်အလှန်စကားပြောသူကပြောဖြင့် ကားအတွင်း စကားသံတို့ကြောင့်သက်ဝင်စည်ကားနေတော့သည်။

"ဟိုကို ဘယ်အချိန်လောက်ရောက်နိုင်လဲ"

"ညနေဘက်လောက်"

သူရနိုင် ရဲ့အမေးကို မောင်ကဖြေပေးသည်။

"ဒါဆို ဟိုရောက်တာနဲ့ညစာစားပြီးတန်းအိပ်ရတော့မှာပေါ့၊ ကောင်းတယ် ကျောဆန့်ချင်နေတာနဲ့အတော်ပဲ"

"အဲ့လောက် ညောင်းညာနေရင် ကားကြမ်းပြင်မှာ လှဲအိပ်လည်းရတယ်"

"ဒီဖေ....လေးလေးတို့ ကန်တော့နော်၊ ဒီကောင်ကစကားအကောင်းကိုပြောလို့မရတာ"

လက်သီးထောင်ပြတဲ့ သူရနိုင် ကို မောင်ကလည်းလျှာထုတ်ကာပြန်ပြောင်ပြပါသည်။

"ငပလီကိုဘယ်သူရွေးလိုက်တာလဲ၊ ကမ်းခြေချင်းအတူတူ ချောင်းသာကမှပိုနီးဦးမယ်"

လေးလေးမင်းခေါင် ရဲ့စကားကြောင့် ချစ်သောမောင်တစ်ယောက် လျှာထုတ်နေရာကနေ ဇက်ကလေးပုသွားသည်။မျက်ဝန်းပြာလေးနှင့် ခရီးအကြာကြီးထွက်ချင်လို့ အဝေးဆုံးကို မောင်တမင်ရွေးလိုက်တာပါ။

"အဲ့ကောင် လေးလေး"

မောင့်ကိုလက်ညှိုးထိုးပြကာ သူရနိုင် ကတိုင်တန်းသလိုမျိုးပြောလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ကောင်းပါတယ်၊ ကျွန်တော်တစ်ခါမှငပလီမရောက်ဖူးသေးဘူး"

ကားအပြင်ရှုခင်းတွေကိုကြည့်နေရာကနေ ကုဋေစိုး ကဝင်ပြောလိုက်တယ်ဆိုရင်ပဲ

"အင်းနော်၊ ဝေးပေမယ့်လည်း ငပလီကမြန်မာနိုင်ငံကမ်းခြေတွေထဲမှာ အကောင်းဆုံးပဲလေ၊ အင်း ငပလီရွေးလိုက်တာကောင်းပါတယ်"

ချက်ချင်းကို ဝေးပါတယ်ဆိုတဲ့ ငပလီက ကောင်းတယ်ဖြစ်သွားတဲ့ လေးလေးမင်းခေါင် ကြောင့် သူရ ခမျာပါးစပ်အဟောင်းသားဖြစ်သွားရတော့သည်။ကုဋေ ကတော့ ဦးမင်းခေါင် ကိုစိတ်လေသလိုတစ်ချက်ကြည့်ပြီးနောက် အပြင်ရှုခင်းတွေကိုသာပြန်ကြည့်နေပါသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now