Thingyan Special

896 58 1
                                    

*အတာသဘင်ဒီပွဲ မြူးမြူးကြွကြွ၊ စည်တော်သံညံမစဲနှစ်ကူးတန်ခူးလ၊ လောကကြီးမှာပျော်တယ်ဗျ၊ အတာပွဲမှာစုံတွေ့ကြ၊ မိုးကောင်းကင်မှာကြယ်နဲ့လ ကမ္ဘာမြေတခွင်မှာမောင်နဲ့နှမ၊ နေနဲ့လ ရွှေနဲ့မြ ပြောမကုန်ရှုမဝ၊ ချောချောမောမောလှလှပပ ကက မမကိုယ်တိုင်က*

မဏ္ဍပ်ရဲ့အဖွင့်ကို မြန်မာသင်္ကြန်သီချင်းသံခပ်ကျယ်ကျယ်ဖြင့် စတင်ပါသည်။

"ခိုင်ရဲ့လားသေချာကြည့်ဦးနော်"

"ဟုတ် ခိုင်တယ် boss၊ ဆင်တက်ကရင်တောင် မပြိုလောက်ဘူးဗျ"

"အေး ဆင်တက်ကလို့မပြိုဘဲ လူတွေတက်ကမှပြိုကျရင်ဘယ်လိုလုပ်မလဲ"

"ဟုတ်..ဟုတ်ကဲ့ boss၊ သေချာပေါက်မပြိုနိုင်ပါဘူးဗျ"

သေချာအာမခံလိုက်တော့မှ boss ကခေါင်းတဆက်ဆက်ညိမ့်ကာ မဏ္ဍပ်အနောက်ထဲဝင်သွားတာမို့ ဝန်ထမ်းကောင်လေးသက်ပြင်းချနိုင်ပါသည်။

"သူများကိုဘာတွေအာရုံသွားနောက်နေတာလဲ ဦးမင်းခေါင်"

"ချာတိတ်ရယ် ကိုယ်ကsafe ဖြစ်အောင်လို့ပါ"

ထိုအခါ ကုဋေစိုး ကခေါင်းတခါခါဖြင့် မင်းခေါင်ချုပ် ရဲ့လက်ထဲကို မုန့်လုံးရေပေါ်ပန်းကန်ထည့်ပေးလိုက်ပါသည်။

"ချာတိတ်စားပြီးပြီလား"

"သူအရင်စားတာလေးလေး"

ထိုစကားဟာ သူတို့နှစ်ယောက်ရဲ့မနီးမဝေးမှာထိုင်နေသည့် သူရနိုင် ကအော်ပြောလိုက်တာဖြစ်သည်။

"ကုဋေ ကအစားအသောက်နဲ့ပတ်သတ်ရင် စိတ်ချရတယ်ဗျ"

ချစ်သောမောင် ကလည်းခပ်နောက်နောက်နဲ့ဝင်ပြောလိုက်လျှင် ကုဋေ့ ရဲ့အကြည့်စူးစူးတွေက နှစ်ယောက်ဆီကိုရောက်သွားခဲ့ပြီး

"ဪ အေးပေါ့၊ မင်းတို့ကလည်း ငါ့လိုမဟုတ်ဘူးဆိုတော့လေ"

"ငါတို့က အနည်းဆုံးတော့ ငါတို့လူတွေကိုစောင့်ပြီးမှ အတူတူစားတာလေ"

"မင်း! ငါ!..."

သူရနိုင် ရဲ့စကားအဆုံးပြန်ဖြေစရာမဲ့သွားတဲ့ ကုဋေစိုး ကတရှူးရှူးတရှဲရှဲဖြစ်သွားတာမို့ မင်းခေါင်ချုပ် ကပဲခေါင်းလေးကိုတဖွဖွပုတ်ကာ စိတ်လျော့ခိုင်းနေရပါသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now