အပိုင်း(၄၃) ဇာတ်သိမ်းပိုင်း

3.8K 139 4
                                    

"Cheers!!!"

ဖန်ခွက်ချင်းတိုက်လိုက်သံဟာ အခန်းအတွင်းကျယ်လောင်စွာမြည်ဟည်းသွားတော့သည်။

ထို့နောက် အသီးသီး ကိုယ့်ခွက်ကိုယ်မော့သောက်နေကြချိန်မှာ သူရနိုင် တစ်ယောက်သာ ပြောချင်တာတွေများလွန်းလို့ ပါးစပ်တပြင်ပြင်ဖြစ်နေပါသည်။နောက်ဆုံးမှာတော့ ထိန်းထားမနေတော့ဘဲ ပြောချလိုက်သည်က

"ဒါဆို ကျွန်တော့်ကိုအားလုံးဝိုင်းပြီး လိမ်ညာတာကို ခံလိုက်ရတာပေါ့"

"suprise လုပ်တာပါ ညီရယ်"

"ဘာ suprise လဲ၊ ကျုပ်ဘယ်လောက်ခံစားလိုက်ရလဲ သိရဲ့လားဗျ"

သူရ ရဲ့ရန်ထောင်လိုက်တဲ့စကားကြောင့် မင်းမော် ကမျက်နှာမကောင်းဖြစ်သွားပြီး

"တစ်သက်မမေ့နိုင်စရာဖြစ်စေချင်လို့ပါ၊ နောက်ပိုင်း ဘယ်အချိန်ပြန်တွေးတွေး ကိုယ်တို့နှစ်ယောက်ရဲ့လက်ထပ်ပွဲက စိတ်လှုပ်ရှားစရာအမှတ်တရဖြစ်နေလိမ့်မယ်လေ"

မင်းမော် ရဲ့စကားကို သူရ ကလက်မခံချင်ယောင်ဆောင်ပြီး အရက်ကိုသာမော့သောက်လိုက်သည်။အမှန်တော့ သူရ စိတ်ထဲမှာဘာမှမရှိတော့တာ လက်ထပ်ပွဲပြီးကတည်းကဖြစ်သည်။သို့သော် ဖြူလုံးလေးတစ်ယောက် သူရ စိတ်ဆိုးနေသေးလားဆိုပြီး သူရ ရဲ့မျက်နှာအား အရိပ်တကြည့်ကြည့်လုပ်နေတာကို သဘောကျလို့ ဇာတ်လမ်းကိုအစပြန်ဖော်ပြီးဆွဲဆန့်နေခဲ့တာဖြစ်ပါသည်။

"ကိုယ်မင်းကိုအရမ်းချစ်တာ သိရဲ့သားနဲ့ညီရယ်"

"အဟွတ်! အဟွတ်!"

ထိုစကားမှာတော့ သူရ တစ်ယောက်ရင်အခုန်လွန်ပြီး ထသီးပါတော့သည်။

"ဟေ့ရောင် လုပ်မနေနဲ့! မင်းပါးစပ်ဟလိုက်တာနဲ့မင်းစိတ်ထဲဘာရှိလဲငါသိတယ်၊ အစ်ကို့ကိုစိတ်မကောင်းဖြစ်အောင်ဟန်ဆောင်မနေနဲ့တော့!"

ကုဋေ့ ရဲ့စကားကို သူရ က ဟက်ခနဲရယ်ချလိုက်သည်။

"ဒါဆို ငါခံစားခဲ့ရတာကရော၊ ငါမင်းကိုမေးမယ်၊ လေးလေးမင်းခေါင်က မင်းကိုမချစ်တော့ဘူး၊ မင်းအပေါ်အေးစက်သွားပြီလို့ မင်းစိတ်ထဲထင်လိုက်တဲ့အခါမှာ မင်းရင်ထဲဘယ်လိုခံစားရမလဲ၊ ဟမ်"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now