5.တရားခံ=နစ်နာသူ

759 108 31
                                    

" စိတ်မရှိပါနဲ့ကလေးတို့ရယ် သားလေးက ကလေးဆိုတော့ သူကြည့်တဲ့ကာတွန်းကထဲက batman အကြောင်းတွေလျှောက်ပြောနေတာထင်တယ် "

အဒေါ်ကြီးက အားနာသလိုနဲ့ပြောလာတော့ ကလေးကထပ်ပြီး

" ဟုတ်ဘူး မနေ့က သားသားဘောလုံး ခြံနောက်ကိုကျသွားလို့ သွားကောက်တော့ အဲဒီမှာ ဟိုဘက်ခြံမှာ batman ဦးလေးကြီးရောက်နေတာ သားကရပ်ပြီးကြည့်နေတော့သားကိုတိုးတိုးလေးနေဖို့လက်ညှိုးထောင်ပြတယ် မူကြိုက ဆရာမလုပ်ပြသလိုလေ
သားသားက ဘောလုံးကောက်ပြီးအိမ်ထဲဝင်လာတဲ့ထိမပြန်သေးဘူး သားသားက ရုပ်ရှင်ထဲကလို အပေါ်ကိုပျံပြီးသွားမှာလားလို့သိချင်လို့ အိမ်ထဲကနေ စောင့်ကြည့်နေပေမယ့် ဒီတိုင်းပဲလှေကားသေးသေးလေးကနေဆင်းပြီးပြေးသွားတာ မပျံသွားဘူး "

ကလေးပြောတဲ့လှေကားသေးသေးလေးဆိုတာ တိုက်တွေနဲ့အနောက်ဘက်မှာ တပ်ထားတတ်တဲ့ အရေးပေါ်လှေကားဖြစ်ရမည်

ကလေးပြောတာတာ မှန်မမှန်အခင်းဖြစ်တဲ့အိမ်ကိုသွားကြည့်ရမည်
အကယ်၍များမှန်နေခဲ့ရင် အဲဒီလူက ရောက်လာပြီးမှဘာလို့လှည့်ပြန်သွားလဲ မပြန်ခင်ဘာတွေမြင်သွားခဲ့လဲဆိုတာက ထပ်ပြီးစဥ်းစားစရာဖြစ်လာသည်

အဒေါ်ကြီးနဲ့ ကလေးကိုနှုတ်ဆက်လိုက်ပြီး အခင်းဖြစ်ပွားတာတစ်ဖက်အိမ်သို့ကူးလာခဲ့သည်။

မနက်ကကျွန်တော်တို့နှစ်ယောက်ကို ဦးလေးဘဲ့ဟိုနဲ့အတူတွဲတွေ့ရတာမို့ ဦးလေးဘဲ့ဟိုခိုင်းလိုက်တာလို့ပြောရုံနဲ့ အိမ်ပြင်ကအစောင့်နှစ်ယောက်က အလွယ်တကူပင် ဝင်ခွင့်ပေးလေသည် အိမ်ထဲမှာတော့ အစောင့်မရှိပေ

အခင်းဖြစ်ပွားရာအိမ်ပေါ်ထပ်မှာတော့ တိတ်ဆိတ်လျှက်.
ဤနေရာမှာ လတ်တလောပင် လူတစ်ယောက်ရက်ရက်စက်စက်အသတ်ခံထားရသည်ဆိုတဲ့အတွေးကြောင့်ခြောက်ခြားစရာပင်ကောင်းနေသည်

" ဆူဘင်း မင်းအရေးပေါ်လှေကားထွက်ပေါက်သွားရှာလိုက် ငါစာကြည့်ခန်းဘက်ခဏဝင်ကြည့်လိုက်ဦးမယ်"

အခင်းဖြစ်ရာအိပ်ခန်းက မနက်ကပဲစစ်ဆေးပြီးပြီမို့ ကပ်လျက်က စာကြည့်ခန်းထဲဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်

ERROR-SIGNAL(Completed) Where stories live. Discover now