17.ချိုမြန်သောကလဲ့စား

624 91 21
                                    

ဦးလေးဘဲ့ဟိုတို့ရောက်လာပြီးနောက် အခန်းထဲကိုဆက်ပြီးရှာဖွေကြတော့ ဓာတ်ပုံ albumတစ်ခုပါထပ်ပြီးတွေ့ရလေသည်
နှစ်ယောက်သား ဓာတ်ပုံ albumကို ဖွင့်ကြည့်လိုက်မိတော့မှ ပို၍ပင်ငါးပါးမှောက်လေသည်

နံရံပေါ်ကပန်းချီတွေက ဒီထဲကဓာတ်ပုံတွေကိုကြည့်ပြီးဆွဲထားခြင်းပင်ဖြစ်လေသည်

အိပ်မောကျနေခြင်းလော သတိမေ့နေခြင်းပေလောမသေချာသော အမျိုးသမီးတို့၏ အဝတ်မပါသောဓာတ်ပုံများကိုရှုထောင့်အမျိုးမျိုးမှရိုက်ထားသည့်ပုံများဖြစ်သည်

ဓာတ်ပုံalbumထဲတွင်တော့ မျက်နှာသီးသန့်အနီးကပ်ပုံများလည်းပါသည်ဖြစ်လေရာ ထိုပုံများကိုသာသီးသန့်ဖယ်ထုတ်ပြီး ဓာတ်ပုံ albumကိုချိတ်ပိတ်ထားလိုက်ရသည်

အရေးကြီးသော လျှို့ဝှက်ဖိုင်တွဲများထားရာ မှတ်တမ်းခန်းတွင် မည်သူမျှဝင်ရောက်မကြည့်နိုင်အောင် သိမ်းဆည်းထားရန်ဖြစ်သည်

ထို့နောက် ဦးလေးဘဲ့ဟိုက
ပန်းချီကားများကိုနံရံမှဖြုတ်ယူပြီး သိမ်းဆည်းစေလိုက်သည်

ထူးခြားသည်က ပန်းချီကားတွေထဲကတစ်ချပ်မှာ ဆေးနီနဲ့ ထောင့်ဖြတ်ခြစ်ထားပြီး " သူပြန်လာပြီ " လို့ ရေးထားတာတွေ့လိုက်ရသည်။

မျက်နှာပုံသီးသန့်ဓာတ်ပုံများ၏နောက်တွင်တော့ နာမည်နှင့် ခုနှစ်များရေးသားထားလေသည်

ထိုဓာတ်ပုံများထဲမှတစ်ပုံရဲ့နောက်ကျောဘက် မှာလည်း ပန်းချီကားနည်းတူ " သူပြန်လာပြီ" လို့ ရေးထားတာတွေ့ရပြန်သည်

ထိုပုံကို ဆူဘင်းက ယူကြည့်ပြီးနောက်
" ဂျောင်ဝန်း ဒီတစ်ယောက်ကိုငါသိသလိုပဲ "
ဆူဘင်းကထိုသို့ ကျွန်တော်နားကပ်၍တိုးတိုးလေးပြောသဖြင့် ကျွန်တော်အနည်းငယ်အံ့သြသွားမိသည်။

" ငါတစ်ယောက်မှမမြင်ဖူးဘူး မင်းကဘယ်လိုသိတာလဲ "

" ဒီတစ်ယောက်ကဆေးဝါးကပဲ scholarကျောင်းသူကွ
သူက Yeonjun hyung Instagram မှာ ဘာပုံတင်တင် comment ဝင်ရေးနေကျမို့ ငါက မှတ်မိနေတာ သူ့insta accထဲဝင်ကြည့်ဖူးတယ်
သူပဲလား ဒါမှမဟုတ် ရုပ်တူတာများလား တော်တော်တော့တူတယ် "

ERROR-SIGNAL(Completed) Where stories live. Discover now