26.စိတ်ထိခိုက်စေသောပြစ်မှုကျူးလွန်သူများ

681 94 15
                                    

ဒီတစ်ခါအမှုမှာတော့ဖြင့် အရှိုက်ထိသူက
ကျွန်တော်နဲ့ဆူဘင်းပါပဲ

ဦးလေးဘဲ့ဟိုရဲ့ရုံးခန်းဆီပြန်ရောက်ချိန်မှာ ဦးလေးဘဲ့ဟိုက ကျွန်တော့်ကို ထူးဆန်းတဲ့မေးခွန်းတစ်ခုမေးလာသည်။

" အရင်းနှီးဆုံးသူက ရာဇဝတ်ကောင်ဖြစ်နေတဲ့အခါ သူ့ရဲ့အပြစ်တွေကိုဖုံးကွယ်ပေးချင်တဲ့စိတ် ဖြစ်မိလား

တကယ်လို့ မင်းချယ်ရီ့ကို ကယ်ချင်ရင် ငါသက်သေတွေကူဖျောက်ပေးနိုင်ပါတယ် "

ဦးလေးဘဲ့ဟိုလိုလူမျိုးက ဒီလိုစကားမျိုးပြောထွက်လာမယ်မထင်ခဲ့တာမို့ ကျွန်တော် အံ့သြထိတ်လန့်သွားမိသည်။
ထို့နောက်အတတ်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြိး

" ရာဇဝတ်မှုကြူးလွန်တဲ့သူတိုင်းက လူယုတ်မာတွေချည်းပဲတော့မဟုတ်ကြပါဘူး

ဒါပေမယ့် အပြစ်လုပ်မိရင်တော့ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံရမှာပေါ့

ချယ်ရီ့အကြောင်းကိုကျွန်တော်နဲ့ဆူဘင်းကောင်းကောင်းသိပါတယ်

သက်သေတွေဖျောက်ပေးပြီး လွတ်မြောက်သွားရင်တောင်
ကျူးလွန်မိတဲ့ပြစ်မှုက ဘဝတစ်လျှောက်လုံး ခြောက်လှန့်နေတော့မှာ သူ့ကိုအဲလိုမျိုးမခံစားစေချင်ဘူး

အဲဒီတော့ ကိုယ်လုပ်မိတဲ့ပြစ်မှုကိုသေချာလေးဝန်ခံပြီး ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုခံယူလိုက်တာက သူ့ကိုပိုပြီးစိတ်ပေါ့ပါးစေမယ်ထင်ပါတယ်

ဘာပဲဖြစ်ဖြစ် သူ့စိတ်ထဲကမကျေနပ်ချက်တွေက သေဆုံးသွားတဲ့ယူရီနဲ့အတူတူ ရှင်းလင်းသွားပြီးပြီမို့ သူလည်း ကျေကျေနပ်နပ်အပြစ်ဒဏ်ခံယူမှာပါ"

ကျွန်တော့်စကားကြောင့်ဦးလေးဘဲ့ဟိုကရယ်သည်။

" တကယ့်ကို အမှုစစ်ယန်းမင်ဟျွန်းရဲ့သား ပီသပါပေတယ်။

ငါက မင်းရဲ့စိတ်ကိုစမ်းသပ်ချင်လို့မေးလိုက်တာပါ။
မင်းအဖေသာရှိသေးရင် မင်းအတွက်အများကြီးဂုဏ်ယူနေမှာ "

ဦးလေးဘဲ့ဟိုကလည်း ကျွန်တော့်ကိုစိတ်မကောင်းခြင်းများစွာနဲ့ကြည့်ပြီး နှစ်သိမ့်သလို ကျွန်တော့် ခေါင်းကိုတစ်ချက်ပုတ်လိုက်သည်။

ERROR-SIGNAL(Completed) Where stories live. Discover now