33.​လူသတ်မှုထက်ပိုသော

531 82 4
                                    

" လက်ကိုဖယ်လိုက်စမ်း မင်းကများရာရာစစ.."

ကျွန်တော့်အင်္ကျီကိုဆွဲချွတ်နေတဲ့ ထိုသူကိုတွေ့လိုက်ပြီးနောက် Jay hyungရဲ့မျက်နှာမှာ လူသတ်ချင်တဲ့အရိပ်အယောင်တွေပြည့်နှက်နေသည်။
အံကိုကြိတ်ထားရလို့ နားထင်ကြောများပင်ထောင်နေသည်ကိုတွေ့လိုက်ရသည်။

Jay hyungကိုတွေ့လိုက်တော့ ထိုသူက ချထားတဲ့ဓားကိုကောက်ပြီး ကျွန်တော့လည်ပင်းမှာထောက်ထားသည်။

တစ်ကိုယ်လုံးနာကျင်နေသည့်အပြင် ဓားနဲ့ထောက်ထားသော ထိုလူ၏လက်များက တုန်ယင်နေသောကြောင့် ဓားသွားက လည်ပင်းကိုစူးနေတာမို့ အသက်ရှူပင်အောင့်ထားမိသည်။

"မင်း မင်းကိုငါတည်နေရာမပြောရသေးဘဲနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ Jay
ရှေ့တိုးမလာနဲ့နော် "

" ဒီမှာ မင်းလိုချင်တဲ့ သက်သေတွေမှတ်တမ်းတွေ ဓားကိုချလိုက်
ယူပြီးအေးအေးဆေးဆေးထွက်သွားတော့ မဟုတ်ရင် ဒီနေရာမှာတင်မင်းကိုငါသတ်မိလိမ့်မယ်"

Jay hyung ပစ်ပေးလိုက်တဲ့ သက်သေ မှတ်တမ်းတွေကို လက်တစ်ဖက်ဖြင့် ဆွဲယူစစ်ကြည့်ပြီးနောက်ထိုသူက

" ငါလိုချင်တာရပြီဆိုတော့ မင်းဟာလေးကိုမင်းဆီပြန်ပေးလိုက်မယ်
မင်းလာတာမြန်သွားလို့ပေါ့ကွာ ဟားဟားဟား "

ထိုသို့ပြောကာ ကျွန်တော့်ကိုထိုင်ခုံမှာချည်ထားတဲ့ကြိုးတွေကိုဓားနဲ့ ဖြတ်တောက်ပေးလိုက်ပြီး ထိုင်ရာမှထစေသည်

" မလှုပ်နဲ့ တံခါးနားရောက်ရင် လွှတ်ပေးမယ်"

ကျွန်တော့်ကိုဖမ်းချုပ်ထားပြီးတံခါးနားကိုတရွေ့ရွေ့ချဥ်းကပ်နေချိန်တွင် Jay hyungသည် သည်းခံနိုင်သမျှအစွမ်းကုန်သည်းခံထားရသောကြောင့် လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်လျက်ရှိသည်။

တံခါးနဲ့ နီးကပ်လာချိန်တွင် ထိုသူက  ကျွန်တော့က်ို Jay hyungဘက် တွန်းပို့လိုက်သည်။

ကျွန်တော့်ကိုပြေးပွေ့လိုက်ပြီး ထိုသူပြန်လုမှာ စိုးရိမ်နေသည့်အလား ကျွန်တော့်ကိုထိုသူနဲ့အဝေးရာဘက်သို့ဆွဲလှည့်လိုက်ကာ စိုးရိမ်တကြီး ကြည့်နေသည့် Jay hyung ၏ မျက်ဝန်းတွင်မျက်ရည်တို့ရစ်ဝဲနေသည်။

ERROR-SIGNAL(Completed) Where stories live. Discover now