24.ဆန်းကြယ်သောဝန်ခံမှု

583 89 8
                                    

အိပ်ယာတောင်မနိုးသေးခင်မနက်စောစော ဆူဘင်းက video call ခေါ်လာတာမို့ အိပ်ချင်မူးတူးနဲ့ ကိုင်လိုက်ပြီးမှ ညက jay hyungရောက်နေတာကိုသတိလိုက်ပြီး အလန့်တကြားဘေးကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ

ကျွန်တော်ကသာ ဆူဘင်းတွေ့မှာစိတ်ပူနေတာ Jay hyungကဖြင့် မနက်ဆိုအမြဲ ကျွန်တော့ဘေးမှာ ရှိမနေတော့တာထုံးစံပဲလေ
" စောစောစီးစီးဘာလဲ အရေးကြီးလို့လား "

" အေးဒီနေ့စောစောသွားပြီး ချယ်ရီ့ကိုအဖော်လုပ်ပြီးမနက်စာစားရအောင်လို့ လှမ်းပြောတာ ခဏနေရင် ပြင်ဆင်ပြီးထွက်ခဲ့တော့ ငါတို့အိမ်မှာပဲ ၃ယောက်ဆုံမယ်လေ "

" ချယ်ရီအိမ်ပြန်ရောက်နေတာလား "

" အေး မနေ့က companyကိုခွင့်တောင်းပြီးအိမ်ပြန်လာတာတဲ့ သူ့အိမ်က ညဘက်ကြီးcompanyကနေသွားခေါ်လာတာ မိဘတွေကလည်း သူစိတ်ထိခိုက်ပြီး တစ်ခုခုဖြစ်မှာစိုးရိမ်နေတော့ အခုရက်ပိုင်း အိမ်ပြန်ခေါ်ထားဖို့ဆုံးဖြတ်ထားကြတာလေ"

" အေး ကောင်းသားပဲ ငါ ခဏနေထွက်ခဲ့တော့မယ် "

ရေချိုးရင်းနဲ့ အမှုအကြောင်း တစ်ခေါက်ပြန်ပြီးစဥ်းစားလိုက်မိသည်
သေဆုံးသူက ချယ်ရီနဲ့ပုံစံနည်းနည်းဆင်ပေမယ့် အရပ်ကတော့ ၅ပေ ကျော်ရုံလေးပဲမို့ ၅ပေ၅လက်မလောက်ရှိသော  ချယ်ရီနဲ့ယှဥ်ရင် တော်တော်ကွာသည်။
အရပ်လေးသာနည်းနည်းရှည်ပြီး mask လေးသာတပ်ထားလိုက်ရင် ကျွန်တော်တို့နှစ်ယောက်တောင် ချယ်ရီနဲ့မှားနိုင်လောက်သည်
ရုပ်ရည်ကတော့ချယ်ရီကအများကြီးပိုလှသည်။
အလယ်တန်းကတည်းက သူ့နောက်ကလိုက်တဲ့ ယောက်ျားလေးတွေရန်ကနေ ကာကွယ်ဖို့ ကျွန်တော်နဲ့ဆူဘင်းက အမြဲ သူ့နဲ့သက်ဆိုင်သူတွေလိုလို ဘာလိုလို ဟန်ဆောင်ပေးရသေးတာဖြစ်သည်။
အခုလောလောဆယ် ဖြစ်နိုင်ချေရှိတဲ့တရားခံက idol ဆိုသူတစ်ယောက်သာရှိသည်
ဒီနေ့ သူ့ကိုမေးမြန်းပြီး သူကပါ အခင်းဖြစ်တဲ့နေရာမှာ သူရှိမနေကြောင်း အလီဘိုင်ပြနိုင်ရင် ကွင်းဆက်က ပြတ်ဦးမည်။
.
.
.
မနက်၈နာရီပင်မထိုးသေးခင်
ဆူဘင်းဆီရောက်တော့ နှစ်ယောက်သား ချယ်ရီ့အိမ်ကိုသွားခဲ့ကြသည် ။
ထိုအချိန်ထိ ချယ်ရီတစ်ယောက် အိပ်ယာမထသေး ကျွန်တော်တို့ကသာစိတ်ပူနေတာသူက အဆင်ပြေပုံရသည်။

ERROR-SIGNAL(Completed) Where stories live. Discover now