01 : YOU

1.7K 62 2
                                    

Recommended Song
Lily of the Valley By DANIEL

(i highly recommended this song for u. in my opinion, this is the best nostalgic song ever.I hope you will enjoy too)

(base on BUILD's Music taste i choose this song for this BBB oneshot)

(ဒီ one shot က ဒီသီချင်းကို အခြေ ခံထားတာမဟုတ်ပေမဲ့ ။ဒီသီချင်းရဲ့ Vibes နဲ့အတူ ခံစားလို့ရအောင် ရေးထားတာပါ။ ရေးနေရင်းလည်း ဒီသီချင်းကို နားထောင်ပြီး ရေးခဲ့တာမို့။ ဒီသီချင်းလေးပဲ ဖတ်နေရင်း နားထောင်ဖို့ recommended ပေးပါတယ် <3333)

(ပြီးတော့ ဒီသီချင်းကို Melancholia ဆိုတဲ့ K Drama မှာ OST အနေနဲ့ သုံးဖူးပါတယ်။ claming ဖြစ်တဲ့ Music ကိုကြိုက်တဲ့သူတွေအနေနဲ့ တစ်ခါလောက်တော့ နားထောင်ကြည့်ကြပါဦး)

BUILD POV

ကျွန်တော်သူ့ကို စတွေ့ခဲ့တာ တောင်ပေါ် က Camping လေးတစ်ခုမှာ ။ ကျွန်တော် Camping ချတဲ့နေရာရဲ့ တစ်ဖက်မှာသူတို့ camping ချထားတာ။

ခပ်အုံ့အုံ့ ရာသီဥတု နဲ့အတူ အေးမြမြလေးညှင်းလေးက တော့ တိုးဝှေ့နေလေတယ်။ သူက အဖြူရောင် တီရှပ်လေးကို ဝတ်ထားပြီး အောက်ကတော့ ဂျင်းဘောင်းဘီလေးဝတ်ဆင်ထားတယ်။ သာမန်ကောင်လေးတစ်ယောက်ပါပဲ။ မျက်မှန်လေး လည်းတပ်ထားပြီး သူငယ်ချင်းတွေကြားမှာ စကားလေးပြောရင်း ပျော်ရွှင်နေပုံပဲ။ စာဖတ်ရတာ ကြိုက်တဲ့ပုံပေါ်တဲ့သူက လက်ထဲမှာလည်း English ဘာသာနဲ့ စာအုပ်လေးတစ်အုပ်ကိုလည်း ကိုင်ထားသေးတယ်။

ကျွန်တော်သူ့ကို အကြည့်မလွဲနိုင်ခဲ့ဘူး။ ဘာခံစားချက် ထူးထူးခြားခြားရယ်မှ မရှိပဲနဲ့ ဒီအတိုင်းလေးထိုင်ကြည့်နေခဲ့တာ။ အဝေးကနေ ထိုင်ကြည့်ရင်း သူရယ်ရင်ကျွန်တော် အလိုလိုပြုံးမိပြီး။ သူငြိမ်သွားတဲ့အခါကျရင် သူစာအုပ်ဖတ်နေတဲ့ပုံလေးကို အေးအေးချမ်းချမ်း ထိုင်ကြည့်နေခဲ့တာ။ ကျွန်တော်က အလုပ်တွေဖိစီးလွန်းလို့ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး တစ်ယောက်တည်း Camping ထွက်လာခဲ့တာ။ ရောက်ခါစက တစ်ယောက်တည်း အူကြောင်ကြောင်နိုင်ခဲ့ပေမဲ့ သူ့ကိုကြည့်ရင်း နဲ့ပဲ မသိစိတ်က အဆင်ပြေလာခဲ့တယ်။

ကျွန်တော်တစ်စိမ့်စိမ့်ထိုင်ကြည့်နေရင်း သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ သူက ကျွန်တော့်ဘက်ကို မတော်တဆလှည့်ကြည့်လာတယ်။ ကျွန်တော်လည်း ​အကြည့်တွေကို မခွဲခွာလိုက်တော့ပဲ။ သူ့​ကိုခပ်သေးသေး အပြုံးလေးတစ်ခုပေးလိုက်တော့ သူကလည်း ကျွန်တော့်ကို အပြုံးအသေးလေးတစ်ခု ပေးလာ​ လေတယ်။

97 94  (ONE SHOT)Where stories live. Discover now