03 : VegasPete Special (Uni + ZG)

858 59 5
                                    

Vegas's Pov

"Pete... Pete လာပါဦးကွာ မရစ်နဲ့တော့လေနော်"

"ဘာမင်းက ငါ့ကိုအခုတော့ရစ်တယ်ဆိုပြီး ပြောနေပြီပေါ့"

"ကိုယ်က အဲ့သဘောပြောတာမဟုတ်ဘူးလေ"

"မရဘူး အခုရှင်း ဘာလို့နမ်းတာလဲ မင်းပြောတော့ မင်းချစ်တဲ့သူက ငါတစ်ယောက်တည်းဆို ငါ့ကိုပဲနမ်းခဲ့ဖူးတာပါဆိူ ငါ့ကိုပေါ်တင်လိမ်နေတာပဲ Khun Vegas" Vegas ရေဒီညတော့ ချော့ပေဦးပေါ့။ ငါနဲ့ Pete က ဒီည Venice လည်းမရှိလို့ အတူတူအချစ်ခန်းလေးဖန်တီးကြမယ် ဆိုပြီး အလုပ်စနေတုန်းရှိသေးတယ်။ Pete က ငါ့ကိုမေးလာတယ် သူ့အရင် ဘယ်နှယောက်တောင် အတူတူအိပ်ခဲ့ဖူးတာလဲတဲ့။

ငါကသူစိတ်မကောင်းဖြစ်သွားမှာကြောက်ပေမဲ့လည်း မဖြေရင် ပိုပြီးစိတ်ဆိုးသွားမှာစိုးလို့ အမှန်အတိုင်းဖြေခဲ့တာ။ ပြောရရင်ငါအိပ်ဖူးတဲ့သူက လက်ချိုးရေလို့တောင်မနိုင်ဘူးလေ။ အဲ့ဒါကို သူကစိတ်မဆိုးသေးဘူး ဒါပေမယ့်ကောက်ချင်သလိုလိုဖြစ်နေပြီ။

အဲ့ဒီနောက်ထပ်မေးလာတာက နမ်းရောနမ်းဖူးလားတဲ့။ သူမေးချင်တာက သူ့ထက်အရင်ဘယ်သူ့ကိုနမ်းဖူးလဲတဲ့။ တကယ့်သောက်ပြသာနာက အရင် Kinn ကိုနိုင်ချင်စောနဲ့ Porsche ကို အတင်းကာရော နမ်းဖူးတယ်လေ ငါ့သောက်ဦးနှောက်က အဲ့တာကို သတိမရပဲ မနမ်းဖူးဘူး ဆိုပြီးဖြေမိတာ ငါ့ကောင်လေး Pongsakorn က Porsche ကို ငါနမ်းခဲ့တာ မြင်ခဲ့ဖူးတာကို သတိရသွားလို့ စိတ်တွေဆိုးပြီး ငါနဲ့မအိပ်တော့ဘူး လုပ်နေလို့ အတင်းပြန်ချော့နေရတယ်။ ဆိုးတာက ဒီတစ်ခါကောက်တာ လုံးဝချော့လို့မရဘူးလေ။

"မင်းဘာလို့ လိမ်တာလဲ အဲ့တာဆို မင်းမှန်မှန်ဖြေနော် မဟုတ်ရင် ငါမင်းကိုမုန်းလိုက်မှာ"

"မမုန်းလိုက်ပါနဲ့ Pete ရယ် ကိုယ်တောင်းပန်ပါတယ်နော်" အခုအခြေအနေကြီးက ကိုးလို့ကန့်လန့်ကြီးလေ။ ငါရော သူရော အပေါ်ဝတ်ချွတ်ပြီး အလုပ်စခါနီး ကောက်တော့ ငါ့ကိုယ်ပေါ်က အဝတ်ကရှိမနေဘူး။ Pete ကတော့ စိတ်​ကောက်လို့ အိပ်ရာပေါ်က ထသွားတည်းက သူ့ hoodie အဖြူလေးကိုကောက်စွပ်ထားတာ။ အစကတော့ ခပ်ဟော့ဟော့ညကို ဖန်တီးမယ်တွေးထားတော့ Aircon တင်ထားတာတောင် အေးတယ်မထင်မိဘူး။ အခုအခြေအနေကပြောင်းသွားတော့ ငါလည်းရှပ်ကို ကောက်ဝတ်လိုက်ရတယ်။ မဟုတ်ရင်အေးလာပြီလေ။ ဒီညတော့ Venice နဲ့ Macau ကအိမ်တော်ကြီးဆီ ရောက်နေလို့ ငါ့ဂွင်မှန်ပြီထင်နေတာ အခုတော့ အိမ်က ကလေးကိုပြန်ချော့နေရပြီ။

97 94  (ONE SHOT)Where stories live. Discover now