The Wolf's Bride

507 45 10
                                    

When Vegas is the last generation of Royal Wolf and he need to find the his bride and need a baby to inherit ...

this is my frist time writing omegaverse.
if i made a mistake tell me na...

Actually, OMEGAVERSE + FANTASY

Enjoy The Story...

"ကျွန်တော် တကယ် တောင်းပန်ပါတယ် သခင်...
အခုချိန်ထိ သခင်နဲ့ အပ်စပ်နိုင်မဲ့ မျိုးနွယ်ကို ရှာမတွေ့သေးပါဘူး"

Vegas က တော်ဝင်မျိုးနွယ် ဝံပုလွေရဲ့ နောက်ဆုံးမျိုးဆက်ပြီးတော့ အသက်သုံးဆယ်မပြည့်ခင်မှာ သူ့ရဲ့မျိုးဆက်ကို ဆက်ခံဖို့ သားတော်တစ်ယောက်ရှိနေဖို့လိုအပ်တယ်။ ညီငယ်တစ်ယောက် ရှိပေမဲ့လည်း အစဥ်အလာအရ တိုင်းပြည်အာဏာကို Vegas ကပဲ ရထားသည်မို့ ထိန်းမြှာလက်ထပ်ရန်အကြောင်းဖန်လာပြန်သည်။ ဒါပေမယ့် Vegas အတွက်က တစ်ဘဝလုံး မျိုးနွယ်စုကို အုပ်ချုပ်ဖို့နဲ့ ကာကွယ်ဖို့သာ လျှင်အလုပ်များနေခဲ့တာကြောင့် အခုချိန်ထိ တစ်စုံတစ်ဦး နှင့်မျှ မေတ္တာသက်ဝင်ခြင်းမရှိခဲ့ဖူးပဲ အသက်သုံးဆယ် ပြည့်ခါနီးမှ သူနဲ့ သင့်တော်တဲ့ မျိုးနွယ်ကို ရှာရမယ်ဆိုတာက ခက်ခဲလှတယ်။

တကယ် လက်တွေ့ကို ရင်ဆိုင်ဖို့အချိန်ရောက်လာပြန်တော့လည်း Vegas က သူ့ရဲ့ မျိုးနွယ်နှင့် သင့်တော်မည့်သူမျိုးကိုပဲ လိုချင်သည်။ ဂုဏ်ရည်တူတဲ့ မင်းမျိုးမင်းနွယ်က သူတွေ ရှိပေမဲ့လည်း Vegas က အခုချိန်ထိ သူ့ရဲ့ စံနှုန်းနှင့် မကိုက်သောကြောင့် သေချာသည့်အဖြေမပေးပဲ ရှောင်ဖယ်နေသည်။

နောက်ဆုံးအခြေအနေ အနေနှင့် သာမန် ဝံပုလွေမျိုးတွေထဲက သူတွေကို ရှာလာပေမဲ့တောင် Vegas အတွက် မတင်းတိမ်နိုင်။ ကြံရာမရတဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေက နေရာအတော်များများနဲ့ ဝေးလံ တဲ့ နေရာတွေအထိပါရှာဖွေပေးခဲ့ပေမယ့် သူ့အတွက် တော့ သင့်တော်လှတဲ့ တစ်စုံတစ်ယောက်မှမရှိပေ။

"ထားလိုက်ပါတော့ အရေးကြီးတဲ့ အလုပ်တွေပဲ အရင်လုပ်ကြမယ်..."

"မရဘူးလေး သခင် ဒီတစ်ကြိမ်က နောက်ဆုံးအခွင့်အရေးပဲကို သခင်တစ်ခါလောက် ကိုယ်ကို တိုင် ထဲထဲဝင်ဝင် ကြိုးစားကြည့်သင့်တယ်"

Eran က ငယ်ငယ်ကလေးကတည်းက Vegas ရဲ့ ဘေးမှာနေပြီး စောင့်ရှောက်ပြီးတော့ ကြီးပြင်းလာခဲ့တဲ့ တစ်ဦးတည်းသော လူယုံ တစ်ယောက်ဖြစ်တယ်။ ဆိုးအတူ ကောင်းအဖက် တစ်ချိန်လုံး အတူတူရှိခဲ့ပြီး သူ့ရဲ့ ဆန္ဒကလည်း Vegas ရဲ့ omega အဖေ မှာကြားခဲ့တဲ့အတိုင်း Vegas ကို မိသားစု ဘဝနဲ့ ပျော်ရွှင်အောင်ထားဖို့ပဲ။ ဒါပေမဲ့ Vegas က ခေါင်းမာလွန်းတာကြောင့် ကြင်ယာ ရှာ ရမဲ့ အရွယ်မှာတောင်မရှာသေးပဲ တိုင်းပြည်အရေးနဲ့ပဲ အလုပ်များနေခဲ့တာ။

97 94  (ONE SHOT)Where stories live. Discover now