02 : Your Existence

837 56 0
                                    



(recommended song : wonstein - your existence)

(best ost ever, အိုင့်ရဲ့ Fav ထဲကမှ Fav အဖြစ်ဆုံး OST မို့ ဒါလေးကို နားထောင်ရင်း ဖတ်ဖို့ recommended ပေးပါတယ် <33)

BIBLE POV

"သတိရနေခဲ့တာ BUILD..."

BUILD ကျွန်တော့်ရဲ့ တည်ရှိမှု... ။

ကျွန်တော်နဲ့ သူ လွန်ခဲ့တဲ့ ​ဆောင်းရာသီ ကျွန်တော့်ရဲ့ Italy ရဲ့ အလည်အပတ် ခရီးစဥ်မှာ တွေ့ခဲ့တာ။ သူက Venice မြို့ရဲ့ တစ်နေရာ စာအုပ်အဟောင်းဆိုင်လေး မှာ ထိုင်ပြီး စာအုပ်ဖတ်နေခဲ့တာ ။

.

.

.

သူ့အပေါ်ဖြာကျနေတဲ့ နေရောင်ခြည်လေးက သူ့ရဲ့ ဘေးဘက်မြင်ကွင်းကို ပိုကြည့်ကောင်းအောင်ထောက်ပံ့ပေးနေတယ်။ သူ့ပုံစံက အနောက်တိုင်းနိုင်ငံသားတစ်ယောက်နဲ့မတူဘူး။ ကျွန်တော်က Asia အချင်းချင်းတော့ သူက Asia ဆိုတာ ကျွန်တော်ခန့်မှန်းနိုင်တယ်။ သူ ဘယ်ကလဲဆိုတာတော့ ကျွန်တော်မေးကြည့်ဖို့လိုတာပေါ့...။

"HELLO ~~ " ကျွန်တော်မတွေဝေပဲနဲ့ သူ့ဘေးနားကို လျှောက်လိုက်တယ်။ သူက ကျွန်တော့် အမေးကိုမဖြေပဲ ဒီအတိုင်း လေး ကျွန်တော့်ကို မော့ကြည့်လာတယ်။ ဘေးတိုက်မြင်ရတဲ့ မြင်ကွင်းထက် အရှေ့ကနေ မြင်ရတဲ့ သူ့မြင်ကွင်းက ကျွန်တော့်ရဲ့ ရင်ထဲက လိပ်ပြာလေးတွေကို ဝဲတက်စေတယ်။

ကျွန်တော့် အမေးကို ပြန်မဖြေတဲ့ သူကဘေးဘက်ကိုတစ်ချက်ဝေ့ဝိုက်ကြည့်ရင်း တစ်ယောက်ယောက်ကိုရှာနေဟန်။ အခုသူထိုင်နေတဲ့ နေရာမှာ သူနဲ့ ကျွန်တော်နဲ့ သူက လွဲပြီးတောင် မရှိတာတောင်လေ။

အဲ့ဒီနောက်သူက...

"sorry, umm i'm not good at English....
umm, If you need help...umm အလိုင်ဝါ ဘာပြောရမှန်းမသိတော့ဘူး..." သူက ငါ့ကိုအကူအညီတောင်းမယ့် သူလို့ ထင်နေပုံပဲ။ သူ English စာမတော်ကြောင်းပြောပြီးတော့ နောက်ကနေခပ်တိုးတိုးထိုင်းသံလေးနဲ့ ဘာပြောရမှန်းမသိဘူးဆိုပြီး ပြာယာခတ်နေတဲ့ ပုံလေးကို ကျွန်တော်သဘောတကျကြည့်နေမိတယ်။ ကျွန်တော်ပြောရဲတယ် ကျွန်တော့်ရှေ့က သူကလွဲရင် ကျွန်တော်အခြားသူကို မမြင်နိုင်တော့ဘူး။ ကျွန်တော့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးက ဒီနေရာမှာပဲ ရပ်တန့်နေတယ်။

97 94  (ONE SHOT)Where stories live. Discover now