Ch.(2)

557 70 0
                                    

Unicode

ချုံးတောက်တွင်

ညဘက်တွင်၊ စန်းယွီ၏ ဇိမ်ခံရွက်လှေကြီးပေါ်တွင် ရီနန်သည် ကာဗွန်နိတ်ရေခဲဖြင့် ရေကိုသောက်ရင်း အသားကင်စား​နေခဲ့သည်၊ ရီနန်သည် ဇီဇာကြောင်သူမဟုတ်သော်လည်း သောက်စရာတွင်တော့ မတူတော့။ သူအရက်ကို မကြိုက်သော်လည်း၊ အချို့သော ကိစ္စများတွင် သောက်ရန်မှတပါး ရွေးချယ်စရာမရှိသဖြင့် ရီနန်၏ သောက်နိုင်အားမှာ မသေးကြောင်းစန်းယွီ သိရှိထားသည်။ ကိုလာ သို့မဟုတ် လိမ္မော်ဖျော်ရည် ကဲ့သို့သော အချိုရည်များကိုလည်း မကြိုက်၊ ချိုလွန်းသဖြင့် မသောက်နိုင်ဟု ဆိုသည်။ ရီနန်သည် ကာဗွန်နိတ်ရေကိုသာ သောက်လေ့ရှိပြီး ရေထဲသို့ဆားထည့်လေ့ရှိသည်၊ သူ့အကြောင်းရင်းမှာ လူတစ်ဦးသည် ရိုးရိုးရေများများသောက်ပါက ခန္ဓာကိုယ်အတွင်းရှိ ဆားများကို အရည်ပျော်သွားစေသဖြင့် ကျန်းမာရေးကို ဆိုးရွားစေသည်ဟု ဆိုသည်။ အဲဒါကြောင့် ဆားနည်းနည်းထည့်လေ့ရှိသည်။ စန်းယွီက သူ့စကားတွေကို ကြားတိုင်း၊ မဟုတ်တဲ့သတင်းတွေကို ဂရုစိုက်လွန်းတယ်ဆိုပြီး ရယ်လေ့ရှိသည်။

"စန်းယွီ ငါ့ကိုကာဗွန်နိတ်ရေနောက်တစ်ခွက်လောက် ပေးပါအုံး။"

ရီနန်သည် အကင်ချောင်းကို ဝါးနေရင်း ပင်လယ်ကိုငုံ့ကြည့်နေသော စန်းယွီအားပြောလိုက်သည်။ “ဒီနေ့အသားကင်က ငန်တယ်။”

စန်းယွီက သူ့ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ "စိတ်ချပါ၊ ဒီနေ့ မင်းမသောက်​နိုင်တော့တဲ့အထိ သောက်လို့ရအောင်ရေပိုက်ဆင်ပေးထားတယ်။"

စန်းယွီက ရေကိုရီနန်ကို လွှဲပေးတဲ့အခါ ရှောင်ပိုင်က သံလိုက်အိမ်မြှောင်တစ်ခုနဲ့ ဝင်လာပြီး စန်းယွီကိုပြောလိုက်သည်။ "ကျွန်တော်တို့ ရောက်ခါနီးပါပြီ"

စန်းယွီက ခေါင်းညိတ်ပြပြီးနောက် လှည့်ကြည့်ကာ ရီနန်အားမေးလိုက်သည်။ "ဒါဘယ်မှာလဲဆိုတာ မင်းသိလား"

ရီနန် ရှုပ်ထွေးနေသော အမူအရာဖြင့် ခေါင်းယမ်းသည်ကို မြင်တော့စန်းယွီက ဆက်ပြောသည်။ "ဒါရှောင်ဟိုင် သေခဲ့တဲ့နေရာပဲ"

လှည့်စားခြင်း [mmtranslation] {Completed}Where stories live. Discover now