Epilogue

1.3K 90 26
                                    

Unicode

နောက်ငါးရက်ကြာသောအခါ

(ကလင်……)
“ဟယ်လို၊ ဒါချင်ရီနန်ရဲ့အိမ်ပါ။ ဘာကူညီပေးရမလဲ?"

"အိုး၊ ကျွန်တော်ကCity Gymnasiumက ရေကူးသင်တန်းရဲ့ ဝန်ထမ်းတစ်ယောက်ပါ၊ မစ္စတာချင်ရီနန်က ၂၆ ကြိမ်မြောက် ရေကူးသင်တန်းအတွက် စာရင်းသွင်းခဲ့ပေမယ့် အဲဒီနေ့မှာ ချုံးတောက်ကို သွားရမယ်လို့ ပြောခဲ့ပါတယ်။ သင်တန်းကြေးပေးဖို့လည်း အချိန်မရှိလို့ဆိုပြီး ဖုန်းနံပါတ်ပဲ ချန်ထားခဲ့ပါတယ်။ မနက်ဖြန်က ရေကူးသင်တန်းစမှာမို့လို့ မစ္စတာချင် တက်ချင်တယ်ဆိုရင် သင်တန်းကြေးကို ဒီနေ့နေ့လည်ဒါမှမဟုတ် မနက်ဖြန်မနက်မှာ ပေးရမှာပါ။ ဒီsessionမှာတင် ရေမကူးတက်သေးရင်လည်း  နောက်sessionကို အခမဲ့ တက်ရောက်နိုင်ပါတယ်......"

"ကောင်းပြီ သူ့ကိုပြောလိုက်မယ်။ ကျေးဇူးတင်ပါတယ်။"

"ရပါတယ်ဗျ။"

သူဖုန်းချလိုက်သည်။

စန်းယွီသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ငြိမ်သက်စွာ အိပ်ပျော်နေသော အမျိုးသားကို နှိုးမိမည်ကို စိုးရိမ်သလို လျှောက်လာခဲ့သည်။

“ရီနန်၊” သူရှေ့ကိုကုန်းကာ ရီနန်မသွားခင် သူ့ကိုနမ်းခဲ့သလို ဖောင်းပွပြီး ပုံပျက်နေတဲ့ပါးကို ညင်သာစွာ နမ်းလိုက်သည်။

ကုတင်ပေါ်ကလူက စကားမပြောပေ။

"အိုက်ယာ၊ ချုံးတောက်က ပြန်လာကတည်းက မင်းကိုယ့်ကို လျစ်လျူရှုနေတာပဲ၊ ကိုယ်တမင် သုံးရက်နောက်ကျမိတာ မဟုတ်ရပါဘူး။ ကိုယ်မင်းဖုန်းကို မိနစ်တိုင်းခေါ်တယ်၊ ကိုယ်မင်းကို 'နန်၊ အိမ်မြန်မြန်ပြန်လာပါ၊ ကိုယ်မင်းကို စောင့်နေတယ်!' လို့ပြောချင်တယ်။ ကိုယ်အကြိမ်ကြိမ် ခေါ်ပေမယ့် ဘယ်သူမှမဖြေဘူး....ရီနန် စိတ်မဆိုးပါနဲ့တော့ကွာ။ နန့်စကားကို အမြဲနား ထောင်ပါ့မယ်လို့ ကိုယ်ကတိပေးပါတယ်။ ဒါနဲ့၊ ကိုယ်ဆေးလိပ်ဖြတ်လိုက်ပြီသိလား၊ ကိုယ်ဘယ်တော့မှ ဆေးလိပ်မသောက်တော့ဘူး။ မင်းကိုယ့်ကိုဘာလုပ်စေချင်လဲ? ကိုယ့်ကိုလျစ်လျူမရှုလိုက်ပါနဲ့။ နန်……အို၊ အားကစားရုံရဲ့ လေ့ကျင့်ရေးအတန်းက လူတွေကရေကူးသင်တန်း တက်ချင်သေးလားလို့ လှမ်းမေးနေတယ်။ လူယုတ်မာလေး၊ ရေလည်းမကူးတတ်ဘဲ ဘာလို့ကိုယ့်ကို လှည့်စားရတာလဲ။" စန်းယွီက စောင်ကို မြှောက်လိုက်ပြီး ရီနန်ဘေးမှာ ဂရုတစိုက်လှဲလိုက်ကာ ပုပ်ပွနေတဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။

လှည့်စားခြင်း [mmtranslation] {Completed}Where stories live. Discover now