Ch.(4)

617 65 0
                                    

Unicode

စန်းယွီသည် အပြာရောင်ဖိုင်တွဲတစ်ခုကိုကိုင်ထားပြီး ဝါးခေါက်ကုလားထိုင်မှ ထကာရီနန်ဆီသို့ လျှောက်သွားခဲ့သည်။ ရီနန်သည် အဆက်မပြတ်စီးဆင်းနေသည့် သွေးများကြောင့် နီရဲနေကာ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း သူ့လည်ချောင်းမှ အသံမထွက်ပေ။ "ငါတို့မှာ အခွင့်အရေးရှိခဲ့တယ်။" စန်းယွီက ရီနန်ရှေ့မှာ ဖိုင်တွဲထဲကအရာအားလုံးကို ပစ်ချလိုက်သည်။ ရီနန် ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရပြီးအချိန်က မှတ်တမ်းတွေ၊ အဲဒီထဲမှာ ရောထွေးနေတဲ့ ဓာတ်ပုံတွေလည်း ရှိသည်၊ Hot Pot Cityမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ချန်တုက Hot Pot Cityမှာ ရီနန်က စတစ်တစ်ခုကို အဖြူရောင် စာအိတ်တစ်အိတ်ဖြင့် အဖွဲ့ခေါင်းဆောင်ဟွမ်အား လွှဲပြောင်းပေးနေပုံတွေပဲ ဖြစ်သည်။

"ဒီစတစ်က အချက်အလက်တွေက ဟိုင်ယွီကတရားဝင်စီးပွားရေးလုပ်တယ်ဆိုတာကို ပြတဲ့အထောက်အထားအပြည့်အစုံဘဲ၊ ငါမင်းကိုစတစ်ကို ရည်ရွယ်ချက်ရှိရှိ ပေးခဲ့တာက ရဲတွေငါ့ကို မလွှတ်ဘဲအမှောင်ထဲမှာ ဆက်ကိုက်နေမှာဆိုးလို့။" စန်းယွီရဲ့အသံထဲတွင် စိတ်လှုပ်ရှားခြင်း၊ သူ့ကိုယ်သူ ကျေနပ်နေသည့်အသံမျိုး မရှိဘဲဖုံးကွယ်၍မရနိုင်သော နာကျင်မှုနှင့် ဝမ်းနည်းခြင်းသာ ရှိနေသည်။ "ဒါပေမယ့် မင်းကိုအဲဒီနေရာကို မသွားစေချင်ဘူး၊ ဟိုင်ယွီကို ရဲတွေသံသယ ဆက်ဖြစ်နေတာပဲလိုချင်ခဲ့တာ....ဘာလို့၊ မင်းကိုငါနဲ့အတူတူထားဖို့ အချိန်သက်သက်ဖယ်ထုတ်ခဲ့တာတောင် သွားဖို့တစ်နာရီအလိုမှာ ဘာလို့ သွားရသေးတာလဲ!!!? ဘာလို့လဲ!?"

ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဓာတ်ပုံများကို ကြည့်ရင်း ရီနန်ပြုံးကာ အသံမထွက်နိုင်သော်လည်း သူတကယ် ပြုံးနေသည်ကို မည်သူမဆိုမြင်နိုင်သည် ။

ဓာတ်ဆီပေါ် မီးကျစ်ချလိုက်သလိုပါပဲ၊ ရီနန်ရဲ့အပြုံးက စန်းယွီရဲ့ဒေါသကို လှုံ့ဆော်ပေးလိုက်သည်။ ရီနန်က သူ့ကိုလှောင်ရယ်နေတယ် ထင်ပြီး။ "မင်းမပြုံးနဲ့! မင်းမပြုံးနဲ့!"

စန်းယွီပေါက်ကွဲလာပြီး သူ့လက်အောက်ငယ်သားတွေကို အောက်ငေါက်လိုက်သည်။ "သူ့ပါးစပ်ကိုပိတ်လိုက်! ရေထည့်လိုက်! ဆက်ထည့်နေ! တစ်စက်တောင်ထွက်မကျစေနဲ့"

လှည့်စားခြင်း [mmtranslation] {Completed}Where stories live. Discover now