Ch.(5)

864 78 6
                                    

Unicode

ချုံးတောက်မှ စန်းယွီပြန်လာပြီးနောက် ဒုတိယနေ့တွင် ရီနန်၏ဖခင်ထံမှ အထုပ်တစ်ထုပ်ကို လက်ခံရရှိခဲ့သည်။ ၎င်းကိုဖွင့်ပြီးနောက်တွင်၊ အတွင်းမှအကြောင်းအရာသည် စန်းယွီ၏အသားအရေကို ဖြူဖျော့သွားစေသည်။ ၎င်းသည်ဟိုင်ယွီကိုမဖန်တီးမီက စန်းယွီ၏ရာဇ၀တ်မှတ်တမ်းဖြစ်ပြီး အထောက်အထားများသည် စန်းယွီကျည်ဆန် 100 အပစ်ခံရလောက်တဲ့အထိ ပြည့်စုံသည်။ အဆိုပါအချက်အလက်များနှင့်အတူ၊ အသံခွေပါသော သေးငယ်သောအိတ်လေးပါဝင်သည်။ စန်းယွီသည် အခွေကိုမဖွင့်မှီ တုန်ခါနေသောသူ၏လက်ညိုးကိုထိန်းကာ ခလုတ်ကိုနှစ်ကြိမ် တွန်းလိုက်သည်။ တိပ်ခွေက ဖြည်းဖြည်းမှန်မှန် လည်ပတ်လာပြီး ရီနန်ရဲ့ ကြည်လင်တဲ့ အသံကထွက်လာသည်။ "စန်းယွီ၊ ငါရီနန်ပါ။ ငါမင်းကို ဝန်ခံစရာတစ်ခုရှိတယ်။ ဒါပေမယ့် ငါ ဘယ်လိုပြောရမလည်းမသိလို့။ ဒီနည်းသုံးလိုက်တာ။ မင်းရှေ့မှာမရှိမှဘဲ ငါပြောနိုင်မှာ၊ ဒီနည်းက ငါတို့နှစ်ယောက်အတွက်လည်း ကောင်းသွားတာပေါ့။"

“ငါပြောချင်တာက အတိအကျပြောရမယ်ဆိုရင် ငါကရဲတစ်ယောက်၊ ပြီးတော့သူလျှိုပဲ။ မင်းအမုန်းဆုံးက သူလျှိုတွေဆိုတာ ငါသိပါတယ်၊ ရှောင်ဟိုင်ကိုသတ်တာ သူတို့လို့မင်းပြောပေမယ့် ရှောင်ဟိုင်သာ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ မပါဘူးဆို သူသေမှာမဟုတ်ဘူး။ တကယ်ပဲ သူ့ကိုသတ်ခဲ့တဲ့တာ မူးယစ်ဆေးဝါးတွေပဲ။ (စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်လိုက်သည်) ငါဟိုင်ယွီရောက်တာ နှစ်နှစ်ရှိပြီ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းရဲ့မူးယစ်ဆေးမှောင်ခိုကူးမှုမှတ်တမ်းတွေအပါအဝင် သတင်းအချက်အလက်တွေ အများကြီးစုဆောင်းခဲ့တယ်၊ ဒါတွေကိုလည်း အဖွဲ့ခေါင်းဆောင်ဟွမ်ကို ပေးသင့်တယ်ဆိုတာ ငါသိပေမယ့်၊ ငါမင်းကို ထောင်ထဲမပို့ချင်ဘူး၊ မင်း...သေနတ်နဲ့ အပစ်ခံရတာကို မမြင်ချင်ဘူး။ ကျောင်းကအခုမှထွက်လာပြီး ဘဝအတွေ့အကြုံမရှိတဲ့ ငါ့လိုလူတွေက နုံအလွန်းပြီး ရိုးရှင်းလွန်းတယ်လို့ မင်းပြောတယ်နော်၊ ကြည့်ရတာ မင်းရဲ့ကျီးကန်းပါးစပ်က မှန်တယ်နဲ့တူတယ်။ မင်းနဲ့ အတူရှိတဲ့အခါတိုင်း ငါ့ကိုယ်ငါရဲဆိုတာကို မေ့မေ့သွားတယ်။ ဘယ်အချိန်ထဲကလည်း မသိပေမယ့်၊ မင်းကို....ချစ်မိသွားတဲ့အထိ သတိမထားမိခဲ့ဘူး။ ဟိုင်ယွီက အခုတရားဝင်စီးပွားရေးလုပ်နေပြီး မင်းလည်းတရားမဝင်စီးပွားရေးလုပ်ငန်းတွေမှာမပါဝင်တော့ဘူး—ဒီအချက်အလက်ကိုအတည်ပြုပြီးတော့ တစ်လလောက်စိတ်လှုပ်ရှားခဲ့ရပြီး ကိုယ့်ကိုယ်ကို တိတ်တဆိတ်ဂုဏ်ပြုခဲ့တယ်။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ဟွမ်နဲ့ အရာရှိလီက ယုံတဲ့ပုံမပေါ်ဘူး။ ငါ့သစ္စာရှိမှုကို ရဲတွေက စစ်ဆေးနေတယ်လို့ ခံစားရတယ် (ဟူး) တကယ်တော့ သူတို့မှာလည်း သံသယဖြစ်ပိုင်ခွင့်ရှိပါတယ်၊ ငါကတကယ်မှ အရည်အချင်းမပြည့်မီတာ။ (စက္ကန့်အနည်းငယ်ကြာအောင် ခေတ္တရပ်ထားသည်) တဘက်ခါ—မင်းနဲ့ငါ ချုံးတောက်ကို အားလပ်ရက်ခရီးထွက်မယ့်နေ့— ကုမ္ပဏီရဲ့ကုန်သွယ်မှုနဲ့ အတွင်းပိုင်းအကောင့်တွေပါတဲ့ စတစ်ကိုအဖွဲ့ခေါင်းဆောင်ဟွမ်ကို ငါပေးလိုက်မယ်။ အဲ့ထဲမှာ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေပါပေမယ့်လည်း ဟိုင်ယွီက တရားဝင်စီးပွားရေးလုပ်နေကြောင်း အနည်းဆုံးတော့ အတည်ပြုနိုင်တယ်။ မင်းအတွက်ကောင်းဖို့ပါ။ ပြီးတော့ ဒီကုန်သွယ်ရေးလျှို့ဝှက်ချက်တွေက ပေါက်ကြားမှာမဟုတ်လို့ ဟိုင်ယွီရဲ့စီးပွားရေးကို ထိခိုက်စေမှာ မဟုတ်ဘူး။ မင်းရဲ့အရင်မူးယစ်ဆေးမှတ်တမ်းအတွက်ကတော့၊ အဖေ့ကိုပြန်ပို့ခိုင်းလိုက်မယ်။ 30 ရက်နေ့မှာ အချက်အလက်တွေနဲ့ ဒီတိပ်ခွေကိုပါ တစ်ခါထဲထည့်ပေးလိုက်ဖို့ အဖေ့ဆီမှာခဲ့မယ်။ ဒီနည်းနဲ့ မင်းကျွန်းက ပြန်လာတဲ့အချိန်ဆို ရောက်ပြီလေ။ ငါလုပ်ခဲ့တဲ့အရာက ရဲတစ်ယောက်မှာ ရှိသင့်တဲ့ သစ္စာတရားနဲ့ တရားမျှတမှုကို ချိုးဖောက်လိုက်တာကိုသိပေမယ့် မင်းလိုရွက်သစ်ထွက်လာတဲ့ သူတစ်ယောက်ကို ပျက်စီးရာလမ်းဆီ မပို့ချင်ဘူး......(တိတ်ဆိတ်)ဒါကို ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုလေးတစ်ခုလို့ပဲ မှတ်လိုက်ပါ။"

လှည့်စားခြင်း [mmtranslation] {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ