ep 1 (uni&zg)

2.8K 94 4
                                    

uni

လွမ်းရိပ်မြေ ရွာလေး၏ မနက်ခင်းသည် တာဝန်ကိုယ်စီ အလုပ်ကိုယ်စီနဲ့ ရွာသူရွာသားတွေကလည်း ပျော်ရွှင်လျက် မြင်တယ့်သူတိုင်း စိတ်​အေးချမ်းကြည်နူးမှုက်ို ​ပေးစွမ်း​နေ၏။

"သူကြီးရေ သူကြီး ရွာထဲမှာ ရန်ဖြစ်နေကြတယ်ဗျို့"

သူ့ဆီ ​ပြေးလာ​သော​ကြောင့် ​ချွေး​တွေထွက်ပြီး ဖရိုဖရဲဖစ်​နေတယ့် ငကြွက်ကိုကြည့်ပြီး မထူးဆန်းသလို​မေးလိုက်သည်။

"ဖိုးသားမှပါပါရဲ့လား ငကြွက် "

"ပါတယ် သူကြီး ကိုဖိုးသားတို့အုပ်စုနဲ့ ကိုစွမ်းထက်တို့အုပ်စု ရန်ဖြစ်နေကြတာ "

"ထင်တယ် ထင်တယ် မဖြစ်လိုက်နဲ့ ဖိုးသားထိပ်ဆုံးကပဲ ​မောင်ညို င​မောင်!!!!"

သူကြီး အော်ခေါ်လိုက်တော့ အိမ်နောက်ဖေးမှာ ထင်းခွဲရေထမ်းလုပ်နေတယ့် က်ို​မောင်ညိုနဲ့ ကိုင​မောင်က ကပျာကလျာ​ပြေးထွက်လာ​၏။

"ဟုတ်ကဲ့သူကြီး "²

"ဖိုးသားတို့ရန်ဖြစ်လို့တယ့် သူကြီးခေါ်တယ်ပြောပြီး ​ခေါ်လာလိုက် ငကြွက်မင်းက ဆရာ​လေး ညဧကရာဇ်ကို သွား​ခေါ် "

သူ ကွပ်ပျစ်မှာသာ ​ရေ​နွေးကြမ်း​သောက်ရင်း ထိုင်​စောင့်​နေလိုက်သည်။

​ဟောလာပါပြီ ဆဲသံ​ပေါင်းစုံနဲ့ ​ရောက်လာတယ့်လူ​တွေ
သူကြီး ​အောက်ဆင်းလိုက်ပြီး

"ကဲ ပြောစမ်းပါဦး မိုးလင်းတာဖြင့်မကြာသေးဘူး ရန်ဖြစ်ကြတယ်ဆိုတော့ မင်းတို့မလွန်ဘူးလား"

"သူ စတာ သူကြီး"

"ဘာငါစတာလဲ ေxာက်ခွက် ဖြတ်ရိုက်ထလိုက်မယ် မင်းအရင် ငါ့ကြက်ကို ခြေထောက်နဲ့ကန်တာ မဟုတ်ဘူးလား"

"ကဲ မင်းတို့တော်စမ်း ဥက္ကာပြော ဘာဖြစ်ကြတာလဲ "

သူကြီးက ဖိုးသားနဲ့ပေါင်းလို့်သာ ဆိုးနေကာ သူ့ဟာသူဆို ​အေး​ဆေး​နေတတ်တယ့် ဥက္ကာကို ​မေးလိုက်၏။

"သူတို့နှစ်ယောက် ကြက်တိုက်နေရာကနေ ဖိုးသားရဲ့ ကြက်ကနိုင်သွားလို့ စွမ်းထက်က ကြက်ကိုလှမ်းကန်လိုက်တာက​နေ ထဖြစ်ကြတာပါ "

PhoeNyaWhere stories live. Discover now