Ep 39(uni&zg)

553 38 11
                                    

uni

ကိုသော်ဇင် မောင်းလာတယ့်ကားက တစ်လမ်းလုံး တိတ်ဆိတ်စွာဖြင့် 'လွမ်းရိပ်မြေ' ရွာထိပ်ကို ရောက်လာ၏။

ဧကရာဇ် ရွာထိပ်ရောက်နေတာမြင်တော့ ကိုသော်ဇင့်ကို လှမ်းတားလိုက်သည်။

"ကို သော်ဇင် ဒီမှာပဲ ရပ်ပေးပါ "

"အင်း ဧကရာဇ်"

ဧကရာဇ် ကားပေါ်ကဆင်းလိုက်ကာ နောက်ခန်းက ရေဘူးယူပြီး မျက်နှာသစ်လိုက်သည်။

ပြီးတော့မှ screenပေါ်မှာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက် ခေါင်းကိုကိုင်ကာ နမ်းဖို့ပြင်နေတယ့်ပုံပေါ်နေတယ့် ဖုန်းကို ကောက်ယူလိုက်ပြီး ရွာဘက်ကို ထွက်သွားတော့သည်။

ဧကရာဇ် ရွာထိပ်က ကုက္ကိုပင်အောက်ရောက်တော့ ရန်ဖြစ်နေတယ့် လူတစ်စုကိုတွေ့၏။ ရန်ဖြစ်နေတာထက် အနိုင်ကျင့်နေတာဆို ပိုမှန်မည်။

ကောင်လေးတစ်ယောက်ကို လူတစ်ယောက်က ချုပ်ထားပြီး ခေါင်းဆောင်လို့ ထင်ရတယ့်တစ်ယောက်က တုတ်ဖြင့် ခေါင်းကိုလွှဲရိုက်လိုက်သည်။

အရှိန်သိပ်မပါတာမလို့ ခေါင်းပေါက်သွားရုံလောက်ပဲ ဖြစ်မည်ထင်သည်။ ရိုက်တယ့်လူကလဲ မူးနေတာမလို့ သေချာမရိုက်နိုင်ပေ။

"ဟက် ဘယ်လိုဖြစ်တာတုန်း သူကြီးသားလေးရဲ့ အရင်တုန်းကကျတော့ ငါစကားလေးတစ်ခွန်း ပြောလိုက်တာကို ချက်ချင်းပဲ ခေါင်းရိုက်ခွဲပြီးတော့ အခုကျမှ ငြိမ်နေရလား "

အောက်စိုက်ထားရာမှ မော့လာတယ့် မျက်နှာကြောင့် ဧကရာဇ် လက်ပိုက်ကာ ရပ်ကြည့်နေရာမှ ထိုနေရာကို ခပ်မြန်မြန်သွားလိုက်သည်။

'ရှိုင်းထက်အောင်'

ခုနက ခေါင်းရိုက်ခွဲလိုက်တယ့် လူက ဓားမြှောင်ထုတ်ကာ ရှိုင်းထက်အောင် ဗိုက်ကိုထိုးဖို့ ပြင်လိုင်ချိန်အထိ ရှိုင်းထက်အောင် လှုပ်ရှားမှု မရှိသေး။

ဧကရာဇ် ဓားကိုင်ထားတယ့် ထိုလူရဲ့လက်ကို လိမ်ချိုးလိုက်ကာ တစ်ချက်ဆောင့်ကန်ပေးလိုက်သည်။

ဧကရာဇ် ကန်ချက်ကြောင့် မြေပြင်မှာလဲကျကာ လူးလိမ့်နေတယ့် ထိုလူကို သူ့နောက်လိုက်တွေက ဆွဲကာ ရွာအပြင်ကိုအမြန်ထွက်သွား၏။

PhoeNyaWhere stories live. Discover now