Ep 40(uni&zg)

494 48 19
                                    

uni

" ကျစ် ဧကရာဇ်"

" ဒါမှမဟုတ် ငါကွာပေးရမလား "

"ညဧကရာဇ်!!!!! မင်းဘာ​ေxာက်စကားတွေ ပြောနေတာလဲ "

" ဘာလဲ ငါက မင်းလွတ်လွတ်လပ်လပ် ပျော်ရအောင် ကွာပေးမလို့လေ အဲ့တာမှ လူမမှားဘဲ မင်းနမ်းချင်တယ့်လူကို နမ်းလို့ရမှာပေါ့ "

" ညဧကရာဇ် မင်း!!! တောက်စ်!!!"

တောက်စ်ခေါက်ကာ ထွက်သွားတယ့် ကျောပြင်ကိုကြည့်ရင်း ညဧကရာဇ် မျက်ဝန်းထဲမှာ ဝမ်းနည်းရိပ်တွေ ဖြတ်သန်းသွား၏။

' စစ် က ဟိုတစ်ခါ မူးနေတုန်းက သူမှန်းမသိလို့ ​ေxာက်နဲ့  နှိုင်းခဲ့တာက လွဲရင် ငယ်ငယ်ကတည်းက သူ့ကိုနှိုင်းခဲ့ဖူးတာမဟုတ် လက်ထပ်ပြီးကတည်းက ​ေxာက်နဲ့ နှိုင်းတာတွေက ပိုများလာ၏။'

"ဟက်! ငါပဲ မှားပြန်တာလား စစ် ရယ်"

...............

' ဧကရာဇ်က ဘာကြောင့်နားမလည် ရတာလဲ သူကဒီတိုင်း လူမှားသွားတာကို နမ်းခဲ့တာလဲ မဟုတ်ဘဲ '

သူ စိတ်တိုနေတာနဲ့ ဧကရာဇ် လက်ကို မမြင်လိုက်ရပေ။

"ကျစ်!!!"

ဖိုးသား စိတ်ရှုပ်စွာနဲ့ အမေ့အိမ်ကို သွားလိုက်သည်။

လမ်းမှာ တွေ့သမျှလူတိုင်းက ကြည့်ကွက် ကြည့်ကွက်နဲ့မလို့ ဖိုးသား ထိုလူတွေကို အကြည့်စူစူး ပြန်ပို့မိသည်။

သူ့ရှေ့ကို ပိတ်ရပ်လာတယ့် နှင်းဝေကြောင့် ဖိုးသား ခြေလှမ်းတွေ ရပ်လိုက်သည်။

နှင်းဝေက အရည်လဲ့နေတယ့် မျက်ဝန်းတွေနဲ့ သူ့ကိုမော့ကြည့်လာပြီး

" ကိုဖိုးသား မေပန်းချီနဲ့ တစ်ကယ်နမ်းခဲ့တာလား "

ပြောရင်းဆိုရင်း နှင်းဝေက တစ်ရှုံ့ရှုံ့ငိုလာ၏။ မသိရင် ကိုယ်ကပဲ သူ့ကို နစ်နစ်နာနာပြောနေတယ့် ပုံ။

" မနမ်းခဲ့ပါဘူးဟာ နင်ကလည်း "

"တကယ်လားဟင် ကိုဖိုးသား "

ဖိုးသား ခေါင်းညိမ့်ပြလိုက်တော့ နှင်းဝေက မျက်ရည်တွေ သုတ်လိုက်၏။

PhoeNyaWhere stories live. Discover now